
7. Rule number 1 is never lose money.
Rule number 2 is never forget rule number 1.
စည်းမျဉ်းနံပါတ် 1 က ဘယ်တော့မှ မိမိငွေကို အဆုံးရှုံးမခံပါနှင့်။ စည်းမျဉ်းနံပါတ် 2 ကတော့ စည်းမျဉ်းနံပါတ် 1 ကို ဘယ်တော့မှ မမေ့ပါနှင့်။
(ရင်းနှီးမြှုပ်နှံမှု လုပ်သည်ဖြစ်စေ၊ အခြားသော လုပ်ငန်းနယ်ပယ်တွေမှာပင် ဖြစ်စေ money management ကို အထူးလက်ကိုင်ထားသင့်ပါသည်။ Money management မရှိလျှင် စုဆောင်းမိပြီးသား ငွေကြေး ဥစ္စာတို့ပင် အချိန်တိုအတွင်း၌ ကုန်ဆုံးသွားစေနိုင်ပါသည်။ )
8. Whether we’re talking about socks or stocks, I like buying quality merchandise when it is marked down.
ကျွန်ုပ်တို့ဟာ stock သို့မဟုတ် sock အကြောင်းတွေ ဘယ်လောက် ပြောပြောနေပါစေ ကျွန်တော်ကတော့ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းကို စျေးသင့်တဲ့အချိန်မှာ ဝယ်ယူရတာ နှစ်သက်တယ်။
(ဝါရင်းဘတ်ဖက်ဟာ စတော့ကို ဝယ်တာမဟုတ်၊ စီးပွားရေးလုပ်ငန်းရဲ့ တစိတ်တပိုင်းကို ဝယ်ယူတာဟု သူ၏ အင်တာဗျူးတွေထဲမှာ အမြဲတမ်းထည့်ပြောလေ့ရှိပါသည်။ စတော့ကို ပိုင်ဆိုင်ထားခြင်းဟာ ၎င်းစတော့ကို ထုတ်ဝေရောင်းချထားသည့် ကုမ္ပဏီလုပ်ငန်းကြီး၏ တစိတ်တပိုင်းကို ပိုင်ဆိုင်သူ အဖြစ် ရှိစေသောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် investor ဆိုသည်မှာလည်း business owner ပင်ဖြစ်ပါသည်။ ရေရှည်ကာလမှာ ကုမ္ပဏီ၏ လုပ်ငန်းတွေ တိုးတက်ကောင်းမွန်လာတာနဲ့ အမျှ ၎င်းတို့ရဲ့ စတော့တန်ဖိုးတွေလည်း မြင့်တက်လာပြီး အကျိုးဖြစ်ထွန်းမှုများစွာ ရှိလာစေနိုင်မည် ဖြစ်ပါသည်။ )
9. Beware the investment activity that produces applause; the great moves are usually greeted by yawns.
ကျေနပ်အားရစရာကောင်းလောက်တဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေမှာ သတိထားစရာက အရွေ့ကြီးကြီးမားမားရှိပြီးရင် ပျင်းရိစရာကောင်းတာတွေလည်း ကြုံရလေ့ရှိနိုင်တယ်။
(စျေးကွက်ထဲမှာ စျေးနှုန်းဟာ အတက်များစွာ ရှိခဲ့ပြီးချိန်၌ စျေးကွက်ပြန်အေးသည့် အနေအထားမျိုးတွေ ရှိတတ်ပါသည်။ Bull market မှာ အကျိုးအမြတ်များစွာ ရရှိတာကို ကျေနပ်ရုံဖြင့် မပြီးသေး Bear market ဒဏ်ကိုလည်း ခံနိုင်ရည် ရှိအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ )
10. It's far better to buy a wonderful company at a fair price than a fair company at a wonderful price.
သာမန်ကုမ္ပဏီတခုရဲ့ စတော့ စျေးနှုန်း အတက်ရှိန်ပါနေတဲ့အချိန်မှာ လိုက်ဝယ်တာထက် တကယ်ကို အလားအလာကောင်းရှိတဲ့ ကုမ္ပဏီမျိုးရဲ့ စတော့ကို စျေးသင့်ချိန်မှာ ဝယ်ယူနိုင်အောင်လုပ်တာက အတိုင်းထက်အလွန် ကောင်းပါတယ်။
(အချို့သော တော်ရိလျော်ရိ ကုမ္ပဏီတွေရဲ့ စတော့တွေဟာ အချိန်တိုအတွင်း စျေးအလွန်ထိုးတက်ပြီး ရုတ်တရက် crash ပြန်ဖြစ်တာမျိုးတွေ ရှိတတ်ပါသည်။ အတက်အကျကြမ်းလွန်းသည့် စတော့မျိုးထက် ရေရှည်မှာ အတက်ဘက်သို့ တည်တည်ငြိမ်ငြိမ် သွားသည့် စတော့မျိုးကို ရွေးချယ်၍ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်ပါသည်။ )
11. The sillier the market’s behavior, the greater the opportunity for the business like investor.
စျေးကွက်ရဲ့ သဘောတရားက ကမူးရှူးထိုးဖြစ်လေလေ investor တွေအတွက် အခွင့်အရေးကောင်း ရှာဖွေလို့ ရလေလေဖြစ်ပါတယ်။
(စျေးနှုန်း ကသောင်းကနင်းဖြစ်ပြီး အကျဘက်သို့ ရှိသည့်အချိန်အခါမျိုး၌ အနိမ့်စျေးမှာ အဝယ်ထိုင်ဖို့ အခွင့်အရေးကောင်း ရှိစေနိုင်ပါသည်။ )
26. 2. 2023