
လက်ရှိ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နံပါတ် 1 နေရာကို Elon Musk က ယူထားဆဲ။ ဒီကနေ့ နောက်ဆုံးထွက် Bloomberg billionaire index အရ Elon Musk ရဲ့ ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာ ဒေါ်လာ 251.3 ဘီလီယံ ရှိကြောင်း သိရှိရပါတယ်။
Elon Musk ရဲ့ အင်တာဗျူးတွေမှာ ပြောခဲ့ဖူးတဲ့ မှတ်ချက်တွေထဲကမှ စွဲစွဲမြဲမြဲ အမှတ်ရနေတာလေး တခုက ...
"If you’re trying to create a company, it’s like baking a cake. You have to have all the ingredients in the right proportion." ဆိုပြီး ရှိပါတယ်။
" သင်ဟာ ကုမ္ပဏီ တခုကို တည်ထောင်ဖို့ ကြိုးပမ်းနေတာဆိုရင် အဲဒီလိုကြိုးပမ်းမှုဟာ ကိတ်မုန့် တလုံးဖုတ်ရတဲ့ပုံစံနဲ့ နည်းနာတူတယ်။ ကိတ်မုန့်ထဲမှာ ထည့်သုံးရမယ့် ပါဝင်ပစ္စည်းတွေ အားလုံးကို ရှိထားအောင် ပြင်ဆင်ထားရမှာပဲ ဖြစ်ပါတယ် " လို့ Elon Musk က ပြောထားခဲ့ပါတယ်။
Investing, Trading လုပ်တယ် ဆိုတာလည်း ကိုယ်ပိုင် လုပ်ငန်းတခုပါပဲ။ ကုမ္ပဏီ လုပ်ငန်းလိုမျိုး Organizational Structure ဖွဲ့စည်းစရာ မလိုအပ်ဘဲ ကိုယ်တယောက်တည်း လုပ်လို့ရတဲ့ လုပ်ငန်း ဖြစ်တယ်။
ဒါကြောင့် Investor ကောင်း၊ Trader ကောင်း တယောက်ဖြစ်ဖို့အတွက် လိုအပ်တဲ့ လိုအပ်ချက်တွေ
ကို မိမိဘာသာ အရင်ဖြည့်ရမှာ ဖြစ်ပါတယ်။
Investor, Trader တွေ မှာ မတူတဲ့ skill တွေ များစွာ ရှိကြပေမယ့် ၊ တူတဲ့ အဓိက လိုအပ်ချက်တွေကတော့ ..
Knowledge & education:
စျေးကွက်နဲ့ ပတ်သက်ပြီး ဗဟုသုတတွေ အမြဲမပြတ်ရှိနေဖို့ လိုအပ်သလို၊ စျေးကွက်နဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ အမြဲဖတ်မှတ်ဖို့၊ self-study အမြဲလုပ်ဖို့၊ ပရော်ဖက်ရှင်နယ် တွေကို ချဥ်းကပ်ပြီး နည်းနာတွေ သင်ယူလေ့လာဖို့ များစွာ လိုအပ်ပါတယ်။
Risk management:
Investor, Trader တွေရဲ့ အသက်ဟာ Risk Management ပဲ။ ကိုယ့်ရဲ့ risk tolerance level ကို သဘောပေါက်ထားဖို့လိုသလို၊ diversification လုပ်တတ်ဖို့၊ Stop Loss ပမာဏ ကို ချင့်ချိန်တတ်ဖို့လိုပါတယ်။
Emotional control:
ရေတိုကာလ Trade လုပ်တာဖြစ်စေ၊ ရေရှည် Invest လုပ်တာ ဖြစ်စေ၊ စိတ်ခံစားမှုကို ထိန်းသိမ်းတတ်ဖို့ အရေးကြီးပါတယ်။
Research & analysis:
Investment တခု မလုပ်ခင်၊ Trade တခု မလုပ်ခင်တိုင်းမှာ Analysis ပိုင်းနဲ့ ပတ်သက်ပြီး Fundamental, Technical, Sentimental အဖက်ဖက်ကနေ ဒေါင့်စေ့အောင် သုံးသပ်နိုင်ဖို့လိုတယ်။ အဲဒီလို သုံးသပ်နိုင်ဖို့အတွက် စျေးကွက်နဲ့ ပတ်သက်ရင် သုတေသနဆန်ဆန် ချဥ်းကပ်နိုင်အောင် အာရုံစူးစိုက်ထားရမှာ ဖြစ်ပါတယ်။
လိုအပ်တာတွေ အကုန်ထည့်ရေးရင် စာအုပ်တအုပ်စာ ရှိသွားနိုင်တာကြောင့် အဓိက လိုအပ်တဲ့ အချက်တွေကို ဖော်ပြခြင်းသာ ဖြစ်ပါတယ်။
မိတ်ဆွေဟာ Financial market (Stock, Bond, Commodities, Cryptocurrency) စျေးကွက်ကို
စိတ်ဝင်စားလို့ ၊ Investor, Trader တယောက်အဖြစ် ခြေလှမ်းစတော့မယ် ဆိုရင် အထက်ပါ အချက်တွေကို အဓိက ပြင်ဆင်ထားနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ထား သင့်ပါတယ်။
ကိတ်မုန့်တလုံး ဖုတ်တဲ့အခါ ပါဝင်ပစ္စည်းမှားယွင်းလို့၊ လုပ်နည်းမကောင်းလို့ မုန့်အရသာပျက်သွားရင်၊ မုန့်သားမကောင်းရင် လွှင့်ပစ်လိုက်လို့ရပေမယ့် Investing, Trading မှာ ဆုံးဖြတ်ချက်မှားရင် အချိန်တိုအတွင်း အာဝု ဘဝသို့ ရောက်ရှိသွားနိုင်တာကြောင့် ပြင်ဆင်ရမယ့်အပိုင်းတွေ သေချာ ဖြည့်ပြီးမှသာ လုပ်ကိုင်ကြဖို့ စေတနာရှေ့ထားပြီး ရေးသားမျှဝေလိုက်ပါတယ်။
11. 9. 2023
Photo - google