
ဝါရင်းဘတ်ဖက် ဟာ 114 ဒေါ်လာ ကို စတင်အရင်းပြု၍ စတော့ရှယ်ယာ လောကထဲ ဝင်ရောက်ခဲ့သူ ဖြစ်ကာ သူမတူအောင် ကျော်ကြားအောင်မြင်သည့် ရင်းနှီးမြှုပ်နှံသူ တဦးဖြစ်လာခဲ့ပါသည်။ လက်ရှိအချိန်၌ ဝါရင်းဘတ်ဖက်၏ ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ ဒေါ်လာ 105 ဘီလီယံကျော်အထိ ရှိနေပါသည်။
ပြိုင်စံရှားတဲ့ ရင်းနှီးမြှုပ်နှံမှုဂုရုကြီး ဝါရင်းဘတ်ဖက် ပြောကြားခဲ့သော အဖိုးတန် စကားစုများကို စုစည်းဖော်ပြလိုက်ပါသည်။
အများသူငှာ လောဘတက်နေချိန်မှာ သင်အကြောက်တရားရှိပါ။ အများသူငှာတို့က ကြောက်နေကြချိန်မှာ သင့်အနေနဲ့ လောဘတက်ပါ။
(စျေးကွက်ထဲမှာ လူအများတို့ဟာ လောဘရှိနေချိန်၌ စျေးနှုန်းဟာ အဝယ်ကျွံစျေးတန်းအထိ ခေါင်ခိုက်အောင် မြင့်တက်သွားနိုင်သည် ဖြစ်ရာ ၎င်း အချိန်မျိုးမှာ မိမိတို့အနေဖြင့် သွားဝယ်မိလျှင် အမြင့်စျေးမိပြီး စျေးပြန်ကျသည့်အချိန်၌ ဆုံးရှုံးမှု များစွာ ရှိသွားနိုင်ပါသည်။ စျေးကွက်ထဲမှာ အကြောက်လွန်ပြီး လူအများစုက ရောင်းချထားကြသည့်အခါ၌ စျေးနှုန်းဟာ အနိမ့်စျေးရောက်နေပြီးသား ဖြစ်သောကြောင့် အနိမ့်စျေးမှာ ဝယ်ယူဖို့ အခွင့်အရေး ရနိုင်တာကြောင့် ဖြစ်ပါသည်။ )
2. No matter how great the talent or efforts, some things just take time.
သင်ဟာ ပါရမီ သို့မဟုတ် ဇွဲလုံ့လ ဘယ်လောက်ကောင်းနေပါစေ အချို့သော အရာတွေဟာ အချိန်ယူဖို့ လိုအပ်ပါတယ်။
(ကျန်းမာသန်စွမ်းသော အမျိုးသမီးကောင်းတဦးဟာ ကိုယ်ဝန်ဆောင်ချိန် 1 လဖြင့် ကလေးမွေးဖွားလို့ မဖြစ်နိုင်သလို ရင်းနှီးမြှုပ်နှံမှု နှင့် အချို့သော လုပ်ငန်းဆောင်တာတွေဟာ အချိန်များစွာ ပေးပြီး လေ့လာ၊ လေ့ကျင့်ရမည် ဖြစ်ပါသည်။ )
3. Someone’s sitting in the shade today because someone planted a tree a long time ago.
တစုံတယောက်ဟာ ဒီကနေ့မှာ အရိပ်အောက် ထိုင်နေရတယ် ဆိုတာ တချိန်တုန်းက အပင်စိုက်ထားခဲ့ပြီးသား ဖြစ်လို့ပါ။
(ဒီကနေ့မှာ သင်လုပ်ဆောင်သည့် အရာ မှန်သမျှဟာ သင့်ရဲ့ အနာဂတ်ဖြစ်ပါသည်။ အချောင်ခိုသည့် စိတ်ရှိလျှင် ဖျောက်ဖျက်နိုင်အောင် ကြိုးစားပြီး အနာဂတ်မှာ မိမိအတွက် အရိပ်အာဝါသကောင်းပေးနိုင်မည့် အပင် {ပညာ၊ အလုပ်အကိုင်၊ ဂုဏ်သိက္ခာ၊ အတွေ့အကြုံကောင်း} ကို ကိုယ်တိုင် ကြိုးပမ်းအားထုတ် စိုက်ပျိုးသင့်ပေသည်။)
4. Don’t pass up something that’s attractive today because you think you will find something better tomorrow.
နောက်တနေ့မှာ ပိုကောင်းတဲ့ အခွင့်အရေးရနိုင်မယ်လို့ မျှော်လင့်ပြီး ဒီကနေ့မှာ ရရှိနိုင်တဲ့ အခွင့်အရေးကောင်းတွေကို လက်လွှတ်မခံပါနဲ့။
(အခွင့်အရေးကောင်းဆိုတာ ရရှိတုန်းအချိန်မှာ အမိအရ ဆုပ်ကိုင်ထားသင့်ပါသည်။ နောက်မှ ရှိလာနိုင်သည့်၊ မမြင်နိုင်သေးသော ပိုကောင်းသည့်အရာကို မျှော်လင့်နေရင်း အခွင့်အရေးကောင်းတွေကို လက်လွှတ်ဆုံးရှုံးရနိုင်ပါသည်။ )
5. Never depend on a single income. Make an investment to create a second source.
ဝင်ငွေလမ်းကြောင်း တမျိုးတည်းအပေါ်မှာ ဘယ်တော့မှ မမှီခိုသင့်။ ရင်းနှီးမြှုပ်နှံမှု လုပ်ပြီး အပိုဝင်ငွေရအောင်ရှာသင့်။
( ဝင်ငွေလမ်းကြောင်း တခုတည်းသာရှိလျှင် ၎င်းဝင်ငွေလမ်းကြောင်းအပေါ် ထိခိုက်စေနိုင်သည့် အကြပ်အတည်းတစုံတရာပေါ်လာပါက အခက်အခဲများစွာ ရှိသွားစေနိုင်သောကြောင့် ဝင်ငွေလမ်းကြောင်းကို 1 ခုထက်ပိုပြီး များအောင် လုပ်ထားသင့်ပါသည်။ )
6. Your best investment is yourself. There is nothing that compares to it.
သင့်အတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုဟာ သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်စရာ မည်သည့်အရာမှ မရှိပါ။
(မိမိရဲ့ ပညာရေး၊ လူမှုဆက်ဆံရေး၊ အတွေ့အကြုံ၊ အချိန်၊ ကျန်းမာရေး စသဖြင့် အကောင်းဆုံးဖြစ်အောင် တတ်နိုင်သမျှ စွမ်းဆောင်ခြင်းဟာ မိမိကိုယ်ကို ရင်းနှီးမြှုပ်နှံခြင်းပဲ ဖြစ်ပါသည်။ ထိုအရာတွေကပဲ အချိန်ကြာလာလေလေ မိမိကို တန်ဖိုးတက်စေလေလေ ရှိစေမှာပဲ ဖြစ်ပါသည်။ )
အပိုင်း (2) ဆက်ရန်ရှိပါသည်။
25. 2. 2023