
တချိန်တုန်းက သိပ်ပြီး စိတ်မရှည်ချင်တဲ့ အမျိုးသမီးလေး တယောက်ရှိခဲ့ဖူးတယ်။ သူမဟာ ဘယ်လောက်ကြိုးစားကြိုးစား အရာမထင်ဘူးလို့ သူ့ကိုသူ ထင်နေခဲ့တာ။ သူမကို သူမ အားမလို၊ အားမရဖြစ်ပြီး တယောက်တည်းလည်း အပြစ်တွေ တင်နေခဲ့ဖူးတယ်။
တနေ့ကြတော့ သူမ အင်မတန်မှ ချစ်ခင်လေးစားရတဲ့ ပုဂ္ဂိုလ်တယောက်က ပြောတယ်။
"ကိုယ်က နည်းမှန်လမ်းမှန်နဲ့ ကြိုးစားနေတာပဲ၊ ကြိုးစားမှုတိုင်းဟာ အချည်းနှီးမဖြစ်ဘူး၊ ကြိုးစားမှုရဲ့ အကျိုးဟာ လောလောဆယ်မှာ မခံစားရသေးဘူးဆိုရင်တောင် အကျိုးရလာဒ်ကောင်း ခံစားရတဲ့ အချိန်ကြရင် တပွေ့တပိုက်ကြီး ရလိမ့်မယ်" လို့ ဆိုခဲ့တယ်။
လက်ရှိအချိန်မှာ စတော့ရှယ်ယာလောကထဲမှာ အချမ်းသာဆုံး Legendary Investor ကြီး Warren Buffett ဆိုရင် အသက် 11 နှစ်အရွယ်ကတည်းက စတော့လောကထဲကို ဝင်ရောက်လာခဲ့တာ။ ဒီကနေ့မှာ Bloomberg billionaire စာရင်းအရ ဘတ်ဖက်ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 124 ဘီလီယံ အထိ ရှိနေပြီးတော့ ကမ္ဘာ့အချမ်းသာဆုံး အဆင့် 7 မှာ ရှိနေပြီ ဖြစ်တယ်။
လက်ရှိ ဘတ်ဖက်ရဲ့ ချမ်းသာကြွယ်ဝမှုတန်ဖိုးရဲ့ 99% ခန့်ဟာ ဘတ်ဖက် အသက် 50 ကျော်မှ ရရှိခဲ့တဲ့ တန်ဖိုး ပမာဏလည်း ဖြစ်ပါတယ်။
ကိုယ်ကြိုးစားနိုင်တဲ့ အပိုင်းကို နည်းမှန်လမ်းမှန်နဲ့သာ တစိုက်မတ်မတ်ကြိုးစားရင် အကျိုးပေးချိန်မှာ သေချာပေါက် ကောင်းကျိုးများစွာ ရရှိစေနိုင်မှာ ဆိုတာ Warren Buffett က လက်တွေ့ စံနမူနာပြထားတာလည်း ဖြစ်ပါတယ်။
အဲဒါကို နားလည်သဘောပေါက်သွားတဲ့ အမျိုးသမီးလေးကတော့ နောက်ဆို သူ့ကိုသူ အပြစ်မတင်တော့ဘဲ ၊ ကြိုးစားအားထုတ်မှုကို တစိုက်မတ်မတ် လုပ်သွားမယ်လို့ ပြောပါတယ်။
အယ်... မေ့လို့၊ သူမ နာမည် မိတ်ဆက်ပေးဖို့ မေ့သွားတယ်။
နာမည်က 'နုခုရီတိအမ်း' ပါတဲ့။
15. 9. 2023