
လူအများစုတို့ဟာ 'ငွေကြေး' ရရှိဖို့ရာ အတွက်ဘဲ အချိန်ကုန်ခံပြီး ငွေရှာနေကြတာက များတယ်။ အနည်းစုကသာ 'စံတန်ဖိုး' တရပ်ကို ရှာဖွေတတ်ကြတယ်။
တကယ်တမ်းက 'စံတန်ဖိုး' တရပ်ရှိနေရင် 'ငွေကြေး' ဆိုတဲ့ အရာဟာ သူ့အလိုလို လိုက်လာမှာ။ 'ငွေကြေး' အတွက် လုံးပမ်းနေရခြင်းကနေ လွတ်မြောက်ဖို့ဆိုရင် 'ငွေကြေး' အဖြစ် စီးဆင်းလာစေနိုင်တဲ့ 'စံတန်ဖိုး' ရှိအောင် တည်ဆောက်ထားသင့်ပါတယ်။
ကိုယ့်ရဲ့ ဘဝမှာ ကောင်းကျိုးဖြစ်ထွန်းစေမယ့် ၊ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်ထွန်းစေနိုင်မယ့် ...
အသက်မွေးဝမ်းကျောင်းပညာ၊
အလုပ်အကိုင် ကျွမ်းကျင်မှု၊
ကုန်ပစ္စည်း ထုတ်လုပ်မှု၊
အိုင်ဒီယာကောင်း ဖန်တီးနိုင်မှု
စတဲ့ အရာတွေမှာ ကျွမ်းကျင်အောင်၊ အသုံးချနိုင်အောင် ကြိုးစားတည်ဆောက်ထားခြင်းအားဖြင့် ကိုယ့်မှာ 'စံတန်ဖိုး' ရှိလာစေမှာ ဖြစ်ပါတယ်။
အဲဒီ 'စံတန်ဖိုး' ကို အများသူငှာတို့ဆီ ဖြန့်ဝေ အကျိုးပြုစေခြင်းအားဖြင့် 'ငွေကြေး' ရလာဒ်ကောင်းတွေ ကိုယ့်ဆီ ပြန်စီးဆင်းလာစေနိုင်မှာပဲ ဖြစ်ပါတယ်။