တရုတ်ကတော့ ရွှေအဝယ်တိုးမြှင့်မှုလုပ်နေပြီး de-dollarization ကို ဆက်ပြီးအရှိန်မြှင့်နေ 

Gold3

 
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ မေလထဲမှာတင် ရွှေတန်ချိန် 16 တန်အထိ ထပ်မံ ဝယ်ယူတိုးမြှင့်မှု လုပ်ခဲ့သည်။ ရွှေကို အဝယ်တိုးရုံတင် တိုးတာ မဟုတ်ဘဲ တဖက်မှာလည်း ဒေါ်လာ reserve ထားရှိမှုကိုပါ လျှော့ချမှုတွေ လုပ်နေပါသည်။
 
မေလ တလတည်းမှာတင် တရုတ်ရဲ့ နိုင်ငံခြားငွေ reserve ကို များစွာ လျှော့ချမှု ရှိခဲ့ပြီး ယခင် reserve တန်ဖိုး ဒေါ်လာ 3.20 ထရီလီယံ ရှိခဲ့ရာကနေ လက်ရှိ ဒေါ်လာ $3.18 ထရီလီယံ သာ ရှိတော့သည်။
 
မနှစ်က နိုဝင်ဘာလနောက်ပိုင်း တရုတ်က ရွှေဝယ်ယူမှု 7 လဆက်တိုက် ရှိလာခဲ့ပြီး ရွှေဝယ်ယူမှု တန်ချိန် စုစုပေါင်း 144 တန် အထိ ရှိခဲ့သည်။ လက်ရှိ တရုတ်နိုင်ငံရဲ့ ရွှေ အရန်သီးသန့် သိုလှောင်ထားရှိမှု တန်ချိန် စုစုပေါင်း 2,092 တန် ကျော်အထိ ရှိလာပြီ ဖြစ်သည်။
 
8. 6. 2023
Photo - Google
Category: