တရုတ်နိုင်ငံရဲ့ရွှေထုတ်လုပ်မှုပြန်လည် မြင့်တက်လာပြီး ရွှေဝယ်ယူမှုကတော့ ကျဆင်းလာ 

chinagold
    2022 ခုနှစ်ထဲ၌ တရုတ်နိုင်ငံရဲ့ ရွှေတူးဖော်ထုတ်လုပ်နိုင်မှုနှုန်း 13.09 % အထိ မြင့်တက်မှု ရှိခဲ့ပြီး တန်ချိန်အားဖြင့် 372.048 တန် ရှိခဲ့ကြောင်း China Gold Association မှ အစီရင်ခံစာ အရ သိရှိရပါသည်။
 
     အရင်နှစ်တုန်းက Shandong စီရင်စု အရှေ့ပိုင်းက ရွှေတူးဖော်မိုင်းထဲမှာ မတော်တဆဖြစ်ရပ်တခု ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံစိတ်ချရမှုရှိစေရေး အတွက် စစ်ဆေးမှုတွေ လုပ်ခဲ့ရခြင်းကြောင့် တူးဖော်လုပ်ငန်းတွေ ရပ်နားထားခဲ့ရာကနေ 2022 ထဲမှာတော့ လုပ်ငန်းပြန်လည်ပတ်မှု ရှိလာခဲ့သည်။ Shandong က ရွှေ မိုင်းတွေမှာ ကိုဗစ်မတိုင်ခင်ကာလတုန်းက အနေအထားလောက်အထိ ရွှေတူးဖော်လုပ်ငန်းတွေ ပြန်ပြီးလည်ပတ် လုပ်ကိုင်နေကြပြီလည်းဖြစ်သည်။
 
     မနှစ်က တရုတ်ရွှေထုတ်လုပ်ရေးပိုင်း ပြန်ကောင်းလာပေမယ့် ရွှေဝယ်ယူမှု အပိုင်းမှာတော့ ကျဆင်းမှု ရှိခဲ့ပါသည်။ 2022 ခုနှစ်ထဲ၌ တရုတ် ရဲ့ ရွှေတင်သွင်းဝယ်ယူမှုနှုန်း-10.63% အထိ ကျဆင်းမှု ရှိခဲ့ပြီး တန်ချိန်အားဖြင့် -1,001.74 အထိ ကျဆင်းမှုရှိခဲ့ပါသည်။
 
     ရွှေချောင်းများနှင့် ရွှေဒင်္ဂါးပြားများ ဝယ်ယူမှုနှုန်းလည်း -17.23% အထိ ကျဆင်းမှု ရှိခဲ့ပြီး တန်ချိန်အားဖြင့် -258.94 တန်အထိ ကျဆင်းခဲ့သည်။ ရွှေလက်ဝတ်ရတနာ ဝယ်ယူမှုနှုန်းကတော့ -8.01% အထိ ကျဆင်းခဲ့ပြီး တန်ချိန် -654.32 တန်အထိ ကျဆင်းခဲ့ပါသည်။
 
     တရုတ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရွှေဝယ်လက်နိုင်ငံလည်းဖြစ်ပါသည်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဇီးရိုးကိုဗစ်ပေါ်လစီကြောင့် ရွှေဝယ်ယူရင်းနှီးမြှုပ်နှံမှုနှုန်း တွေ ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။
 
23. 1. 2023
Category: