ရုရှားဗဟိုဘဏ်က မကြာသေးခင်ကတင် ရုရှားအစိုးရရဲ့ ဓနသဟာရ ရန်ပုံငွေ အကောင့်ထဲကနေ ရွှေတန်ချိန် 4 တန် နီးပါး (ကာလပေါက်စျေး ဒေါ်လာ 365 သန်းဖိုး) ထုတ်ရောင်းမှု ရှိခဲ့ကြောင်း ရုရှား ဘဏ္ဍာရေး ဌာနမှ တရားဝင် စာရင်းထုတ်ပြန်ထားခဲ့ပါသည်။
ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးတဲ့နောက် ကမ္ဘာ့နိုင်ငံအများစုတို့က ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့ကြပြီး နိုင်ငံတကာငွေပေးချေမှု စနစ်ကနေလည်း ကြဥ်ဖယ်မှုတွေ လုပ်ခဲ့ကြသည်။ ထို့ကြောင့် ရုရှားဟာ သူရဲ့ ကုန်သွယ်ဘက်နိုင်ငံ အနည်းစုတို့နဲ့ ကုန်သွယ်ရာမှာ အမေရိကန် ဒေါ်လာ သုံးစွဲလို့မရနိုင်တော့သည့် အတွက်ကြောင့် ရွှေ reserve တွေကို တစတစ ထုတ်ရောင်းရမှုတွေ ရှိလာနေသည်။
2023 ခုနှစ် ပထမဆုံး 4 လတာ ကာလအတွင်းမှာ ရုရှားနိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှု တန်ဖိုး စုစုပေါင်း ဒေါ်လာ 42 ဘီလီယံ (ရူဘယ်လ် 3.4 ထရီလီယံဖိုး) အထိ ရှိခဲ့ကြောင်း ရုရှားသတင်းဌာနတွေ၌ ဖော်ပြထားပါသည်။
စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရုရှားရေနံတွေကို သပိတ်မှောက်ခဲ့ကြခြင်းနှင့် ဒီနှစ်ထဲမှာ ရေနံစျေး အကျဆက်တိုက်ရှိနေခြင်းတို့ကြောင့် ရုရှားရဲ့ ကုန်သွယ်ရေး လိုငွေပြမှု မြှင့်တက်လာပါသည်။ ပြီးခဲ့တဲ့ မေလထဲမှာ ရုရှားရဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ကနေ ရရှိသည့် ဝင်ငွေက ဒေါ်လာ 379 သန်းဖိုးသာ ရှိပြီး မနှစ်က မေလတုန်းက ရှိခဲ့တဲ့ ဝက်ငွေတန်ဖိုးထက် -36% လောက်အထိ ကျဆင်းသွားခဲ့တာ ဖြစ်ကြောင်း ရုရှားဘဏ္ဍာရေး ဝန်ကြီးဌာနက စာရင်းဒေတာ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
နောက်ဆုံးထွက် စာရင်းအရ ရုရှားရဲ့ ဓနသဟာရ ရန်ပုံငွေ စာရင်းထဲမှာ ယူရိုငွေကြေးက 9.054 ဘီလံယံ၊ တရုတ်ယွမ်က 285.7 ဘီလီယံယွမ် (ဒေါ်လာ 40.2 ဘီလီယံ) ၊ ရွှေက တန်ချိန် 517.1 တန် နှင့် ရူဘယ်လ် 228 သန်း (ဒေါ်လာ 2.82 သန်း) အထိ ရှိနေကြောင်း သိရှိရပါသည်။
ကမ္ဘာ့ရွှေဈေးနှုန်း အတက်လမ်းပျောက်နေမှု၌ ဈေးတက်လာရင် ရုရှားက ရွှေတွေထုတ်ထုတ်ရောင်းနေမှုကလည်း အဓိက အချက် တချက်အနေ ဖြင့် ရှိနေပါသည်။
6. 6. 2023
Photo - Google