JP Morgan ဘဏ်ကြီးကတော့ ဒီနှစ်ကုန် ကမ္ဘာ့ရွှေစျေးကို $2000 ဝန်းကျင် မြင်တွေ့ရနိုင်ကြောင်း သုံးသပ်ထားပါသည်။
JP Morgan ဘဏ်ကြီး ရဲ့ အမှုဆောင် ဒါရိုက်တာဖြစ်သူ Greg ကတော့ လာမယ့် 2024 ခုနှစ် စတုတ္ထ သုံးလပတ်ကာလ ထဲမှာ ကမ္ဘာ့ရွှေ တအောင်စစျေး $2,175 ဝန်းကျင် အထိရှိနိုင်ကြောင်း သုံးသပ်ထားပါသည်။ ၎င်းခန့်မှန်းစျေးဟာ ဒီကနေ့စျေး ကနေကြည့်ရင် +11% အတက်စျေး ဖြစ်ပါသည်။
ဒီနှစ်ထဲမှာ ကမ္ဘာ့ရွှေစျေး အတက်နှုန်း +5.4% အထိ ရှိထားပြီး ဖြစ်သည်။ ဗဟိုဘဏ်တွေကလည်း ရွှေ အဝယ်တိုးမြှင့်မှု ဆက်လက် ရှိနေခြင်းဟာ ရွှေစျေး အတက်ပင့်အားအဖြစ် ရှိစေပါသည်။
2023 ခုနှစ် ပထမ သုံးလပတ်ကာလတုန်းကဆိုရင် ဗဟိုဘဏ်တွေရဲ့ ရွှေ အဝယ်တိုးမြှင့်မှု တန်ချိန် စုစုပေါင်း 228 တန် အထိ စံချိန်တင် တိုးမြှင့်မှု ရှိခဲ့သည်။ Central Bank Gold Reserve စစ်တမ်းအရ 24% သော ဗဟိုဘဏ်တွေဟာ လာမယ့် 12 လတာ ကာလအတွင်း ရွှေ reserve တိုးမြှင့်မှုကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိကြောင်းလည်း သိရှိရပါသည်။
1. 8. 2023