အမေရိကန် ငွေတိုက်စာချုပ်တွေ လျှော့ချပြီး ရွှေအဝယ်တိုးမြှင့်နေတဲ့ တရုတ် 

ChinaTGold

 
တရုတ်ကတော့ dedollarization အတွက် ရွှေစုဆောင်းမှုကို 10 လ ဆက်တိုက် အရှိန်တိုးမြှင့်လာခဲ့ပြီ။ ကမ္ဘာ့​စျေးကွက်ထဲမှာ ဒေါ်လာ လွှမ်းမိုးမှုလျော့ပါးစေရန်နှင့် အာရှနိုင်ငံများတို့ စီးပွားရေး မရေရာ မသေချာမရေရာမှု စက်ကွင်းရိုက်မှာတွေ စိုးရိမ်မှုတို့ကြောင့် တရုတ်ဟာ ရွှေ reserve ကို တောက်လျှောက် ဖြည့်တင်းနေခဲ့သည်။
 
သြဂုတ်လထဲမှာ တရုတ်ရဲ့ ရွှေ အရန်သိုလှောင်ထားရှိမှု ပမာဏဟာ အောင်စ 69.62 သန်း အထိ တိုးမြှင့်လာခဲ့သည်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းကနေ သြဂုတ်လအထိ 10 လ ဆက်တိုက်ကာလ အတွင်းမှာ တရုတ်ရဲ့ ရွှေ တိုးမြှင့်စုဆောင်းတဲ့ ပမာဏဟာ အောင်စ 6.98 သန်း အထိ ရှိခဲ့ပါသည်။
 
တရုတ်အစိုးရကတော့ ရွှေ reserve ကို နောက်ထပ် စံချိန်တင် ပမာဏတွေ အထိ ထပ်မံတိုးမြှင့်သွားဖို့ ရှိကြောင်းလည်း ဆိုထားသည်။
 
တဖက်မှာတော့ တရုတ်ဟာ အမေရိကန် ငွေတိုက်စာချုပ်တွေ ကိုင်ဆောင်ထားမှုကို လျှော့ချနေခဲ့သည်။ လက်ရှိ နောက်ဆုံးထွက်စာရင်းအရ တရုတ်ရဲ့ အမေရိကန် ငွေတိုက်စာချုပ်တွေ လက်ဝယ်ထားရှိမှုတန်ဖိုး ဒေါ်လာ 868.9 ဘီလီယံ သာ ကျန်တော့ပြီး ၎င်း လက်ဝယ်ထားရှိမှုပမာဏ ဟာ 14 နှစ်အတွင်း အနိမ့်ဆုံး ပမာဏ လည်း ဖြစ်ပါသည်။
 
9. 9. 2023
 
Photo - Google
Category: