ရွှေကို ပိုကြိုက်လာကြပြီဖြစ်တဲ့ အမေရိကန် 

USGold

 
     နောက်ဆုံးထွက် Gallup စစ်တမ်းအရ အမေရိကန်မှာ ရေရှည်ကာလ ရင်းနှီးမြှုပ်နှံမှု အတွက် ရွှေကို ရွေးချယ်မှု မြင့်တက်လာကြောင်း သိရှိရပါသည်။ ပြီးခဲ့တဲ့ နှစ်တုန်းက အမေရိကန် Fed ဗဟိုဘဏ်ဟာ အတိုးနှုန်း တိုးခြင်းကို အရှိန်တိုးမြှင့် ခဲ့သည့် အတွက်ကြောင့် စတော့စျေးကွက်ထဲ အကျဖိအားများစွာ ရှိစေခဲ့ခြင်းကလည်း ရွှေ ကို စုဆောင်းရင်းနှီးမြှုပ်နှံကြဖို့ တွန်းအားဖြစ်သွားစေခဲ့ခြင်းလည်း ဖြစ်ပါသည်။
 
     အတိုးနှုန်း တိုးခြင်းဟာ အိမ်ယာစျေးကွက်အပေါ်လည်း များစွာ ထိခိုက်မှု ရှိစေပါသည်။ အမေရိကန်တွေဟာ အိမ်ခြံမြေမှာ အများဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်လေ့ရှိခဲ့ရာကနေ ယခုနှစ်ထဲမှာတော့ အိမ်ခြံမြေဘက် အဝယ်လျှော့ပြီး ရွှေဘက်ကို ပိုလှည့်လာသည့် အနေအထား၌ ရှိနေပါသည်။ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု နှုန်းဟာ မနှစ်က 45% အထိ အမြင့်ဆုံး ရှိခဲ့ရာကနေ 2023 နှစ်စမှာတင် 34% အထိ ပြန်အကျ ရှိခဲ့ကြောင်း Gallup စစ်တမ်းက ဆိုထားသည်။
 
     ရွှေ ရင်းနှီးမြှုပ်နှံမှုမှာတော့ 2022 ခုနှစ်ထဲမှာ 15% ကနေ 26% အထိ မြင့်တက်မှု ရှိလာခဲ့သည်။ ၎င်းကဲ့သို့ ရွှေကို တိုးမြှင့်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ကြသည့်နှုန်းက 2012 ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်တာ ကာလအတွင်း အများဆုံး စံချိန်တင်ခဲ့တာလည်း ဖြစ်ပါသည်။
 
     8% သော အမေရိကန်လူဦးရေကတော့ Bitcoin ကဲ့သို့ Crypto ငွေကြေးတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်သင့်ကြောင်း ယူဆကြသည်ဟု Gallup စစ်တမ်းအရ သိရှိရပါသည်။
 
12. 5. 2023
Category: