"ရောဘတ်ကီယိုဆာကီ" လို့ ဆိုလိုက်တာနဲ့ မြန်မာစာဖတ်ပရိတ်သတ်တွေ ရင်းနှီးပြီးသား "Rich Dad, Poor Dad" စာအုပ်ကိုရေးသားတဲ့ ကမ္ဘာကျော် စာရေးဆရာကြီးဖြစ်ကြောင်း အထူးညွှန်းစရာ မလိုတော့။
စီးပွားရေး မသေချာမရေရာမှု တွေ ရှိနေတဲ့ကာလ၊ စတော့စျေးကွက် အကျရှိနေတဲ့ ကာလ၊ ပထဝီနိုင်ငံရေး မငြိမ်မသက်တဲ့ ကာလတွေမှာ Fake Money တွေ က အလုပ်မဖြစ်ကြောင်း၊ အဲဒီလိုကာလတွေမှာ သင့်ကို ကယ်တင်နိုင်တာ God's Money နဲ့ People's Money တို့သာ ဖြစ်ကြောင်း ရောဘတ်က ဆိုထားပါတယ်။
ရောဘတ်ကိုယ်တိုင်လည်း God's money နဲ့ People's money တို့ကို သူ့ရဲ့ Portfolio ထဲမှာ အမြဲ ထည့်သွင်းရင်းနှီးမြှုပ်နှံမှု လုပ်ကြောင်း အင်တာဗျူးတွေမှာ မကြာခဏ ထုတ်ပြောလေ့ရှိပါတယ်။
ရောဘတ်ပြောတဲ့ Fake money ဆိုတာက Fiat money ကို ပြောတာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှာ လူတိုင်း သုံးစွဲနေကြတဲ့ အစိုးရထုတ် ငွေကြေးတွေအားလုံးက Fiat money တွေ ဖြစ်ပါတယ်။
ဒါဆိုရင် God's money ကရော..
လူတိုင်းကြိုက်တဲ့ အရာ၊ တကယ့်ကို ဘုရားရှင်တွေ ဖန်ဆင်းပေးထားတဲ့ အရာ လို့ ညွှန်းဆိုနိုင်တဲ့ ရွှေ ကို ဆိုလိုတာ ဖြစ်ပါတယ်။ အဖိုးတန် တွင်းထွက် ရတနာတွေ ဖြစ်တဲ့ Gold, Silver တို့ကို ရောဘတ်က God's money လို့ တင်စားပြောတာပါ။
People's money ကတော့ ကမ္ဘာ့ လူထု တရပ်လုံးက လက်ခံသုံးစွဲနိုင်တဲ့ ဗဟိုထိန်းချုပ်မှု လွတ်ကင်းတဲ့ ခရစ်တိုငွေကြေးတို့ရဲ့ ဘုရင် Bitcoin ကို ဆိုလိုတာ ဖြစ်ပါတယ်။ Bitcoin ရဲ့ Supply ဟာ 21 သန်းအထိပဲ ရှိမှာကြောင့် တကယ်ကို ရှားပါး အဖိုးတန် ခရစ်တိုငွေကြေး အဖြစ် အနာဂတ်မှာ ပိုမိုတောက်ပလာနိုင်တဲ့ အလားအလာကောင်းတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တပတ်ကတင် ရောဘတ်က ပြောခဲ့သေးတယ်။
Crypto is the "future"
and fiat money is "toast." တဲ့။
အနာဂတ်ရဲ့ ငွေကြေးဟာ ခရစ်တိုဖြစ်ပြီး Fiat ငွေကြေးတွေကတော့ ဇာတ်သိမ်းခန်း ရောက်နေပြီ ဆိုပဲ။
# မှတ်ချက်။ ။ရောဘတ်ကီယိုဆာကီ ပြောတဲ့ ငွေကြေးတွေရဲ့အကြောင်းကိုမျှဝေပေးခြင်းသာ ဖြစ်သည်။
26. 9. 2023