လတ်တလောကာလမှာ အမေရိကန်အစိုးရရဲ့ ငွေသားလက်ကျန်ပမာဏထက် ပိုချမ်းသာနေကြသော ဘီလျံနာကြီးများ 

Written by admin1

ElonJeff

 
       အမေရိကန်အစိုးရရဲ့ ငွေသားလက်ကျန်ရှိမှု ပမာဏဟာ အလွန် အန္တရာယ်များသော စိုးရိမ်ရေမှတ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အစိုးရကြွေးမြီကန့်သတ်​ ပမာဏ (Debt Ceiling) တိုးမြှင့်ရေး သဘောတူညီချက် ရရှိရန် အတွက် နောက်ဆုံး deadline နေ့ (ဇွန်လ 5ရက်နေ့) မရောက်ခင် အချိန်ထိ ကြိုးပမ်းနေကြဆဲ ဖြစ်ပါသည်။
 
       မေလက 25 ရက်နေ့က စာရင်းအရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနမှာ ငွေသားလက်ကျန် ဒေါ်လာ 38.8 ဘီလီယံ သာ ရှိတော့ကြောင်း နောက်ဆုံးထွက် Federal စာရင်းဒေတာ အရ သိရှိရပါသည်။ မေလအစောပိုင်းတုန်းက အမေရိကန် Treasury ရဲ့ ငွေသားလက်ကိုင် ထားရှိမှုတန်ဖိုးဟာ ဒေါ်လာ 200 ဘီလီယံ အထက်ရှိခဲ့ရာကနေ ယခုအခါ ဒေါ်လာ 30 ဘီလီယံ နားလေးအထိ လျော့နည်းလာခြင်းလည်း ဖြစ်ပါသည်။
 
       Bloomberg billionaire စာရင်းအရတော့ အမေရိကန် အစိုးရရဲ့ ငွေသားလက်ကျန်ရှိမှု တန်ဖိုးထက်ကို ပိုချမ်းသာသည့် ဘီလျံနာကြီး 31 ဦး ရှိနေကြောင်း တွေ့ရှိနိုင်ပါသည်။
၎င်းဘီလျံနာကြီးများတို့ကတော့ -
 
1. ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာကို ယူထားသည့် ပြင်သစ်သူဋ္ဌေးကြီး Bernard Arnault (အသားတင်ချမ်းသာကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 193 ဘီလီယံ)
 
2. Tesla သူဋ္ဌေးကြီး Elon Musk (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 185 ဘီလံယံ)
 
3. Amazon သူဋ္ဌေးကြီး Jeff Bezos (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 144 ဘီလံယံ)
 
4. Microsoft သူဋ္ဌေးကြီး Bill Gates (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 126 ဘီလံယံ)
 
5. Larry Ellison (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 116 ဘီလံယံ)
 
6. Steve Ballmer (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 115 ဘီလံယံ)
 
7. Larry Page (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 112 ဘီလံယံ)
 
8. Warren Buffett (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 112 ဘီလံယံ)
 
9. Sergey Brin (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 107 ဘီလံယံ)
 
10. Mark Zuckerberg (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 95.5 ဘီလံယံ)
 
       စသည့် ကမ္ဘာ့အချမ်းသာဆုံး 10 ဦးတို့အပြင် ကမ္ဘာ့အချမ်းသာဆုံး အဆင့် နံပါတ် 31 မှာ ရှိနေသည့် Francois Pinault (အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ 40.1 ဘီလံယံ) အထိ ဘီလျံနာကြီး 31 ဦးတို့ရဲ့ တဦးချင်းစီရဲ့ ချမ်းသာမှုတန်ဖိုးဟာ လက်ရှိ အမေရိကန် အစိုးရရဲ့ ငွေသားလက်ကျန်ရှိ​နေတဲ့ ပမာဏထက်ပိုများနေကြောင်း တွေ့ရှိရပါသည်။
 
30. 5. 2023
Photo - Google
Category: