Trader ဇာတ်ရုပ်ပီပြင်ဖို့ လိုက်နာသင့်တဲ့ အချက်များ 

Written by admin1

Forextrader1

 
     Trading ဆိုတာ လွယ်မယောင်နဲ့ ခက်တဲ့ လုပ်ငန်း တခုဖြစ်ပါတယ်။ မိမိကိုယ်ကို trader ဇာတ်ကောင်စရိုက် သွင်းနိုင်မှ trader စစ်စစ် ဖြစ်နိုင်မယ်။ သရုပ်ဆောင် အနုပညာရှင်တွေ ဆေးစက်ကျရာ သရုပ်ဆောင်ရသလို trader တွေဆိုတာ စျေးကွက်ရဲ့ ဟန်ချက်ကို လိုက်မီနိုင်အောင် စျေးကွက်နဲ့ တသားတည်းဖြစ်နိုင်ဖို့ လိုက်ပါစီးမျောရတာမျိုး ဖြစ်ပါတယ်။
 
     သရုပ်ဆောင် အနုပညာရှင်တဦးဟာ ပြင်ပလောကမှာ စိတ်ဆတ်တတ်သည့် သူတဦး ဖြစ်နေတယ် ဆိုပါစို့၊ သရုပ်ဆောင်ရသည့် ဇာတ်ကောင်စရိုက်ဟာ အလွန်တရာ သည်းခံနိုင်စွမ်းရှိသူဖြစ်လျှင် စိတ်ရှည်သည်းခံတတ်သူအဖြစ် ကြိုးစားပြီး သရုပ်ဆောင်ရမှာက သရုပ်ဆောင်အနုပညာရှင် တဦးရဲ့ အလုပ်ပင် ဖြစ်ပါတယ်။ မိတ်ဆွေဟာ Trader တဦးဖြစ်ချင်တယ် ဆိုရင်တော့ trader ဇာတ်ကောင်စရိုက်ဖြစ်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
 
Trader ဇာတ်ကောင်အဖြစ် ဇာတ်ဝင်စီးမျောနိုင်ဖို့ ဆိုရင် -
 
(1) မိမိတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းနိုင်အောင် ကြိုးစားပါ။
 
(2) မိမိရဲ့ လုပ်ရည်ကိုင်ရည်ကို မှတ်တမ်းထားရှိပါ။
 
(3) သိမ်းငှက်တကောင်လို အမြင်ရှိပါ။ (တနေရာတည်း ကွက်ပြီး သုံးသပ်တာထက် စျေးကွက်တခွင် ဖြန့်ကျက်ပြီး သုံးသပ်နိုင်အောင်လုပ်သင့်)
 
(4) မိမိတို့ရဲ့ risk ခံနိုင်ရည်ကို အမြဲတွက်ချက်ပါ။
 
(5) ကြိုးစားလေ့ကျင့်ထားသမျှကို အကောင်အထည်ဖော်ဆောင်နိုင်အောင် လုပ်ပါ။
 
24. 2. 2023
Category: