
Position size တွေ ခပ်ကြီးကြီးသုံးတဲ့သူ။
Stop loss ကို ဘယ်တော့မှ မထားတဲ့သူ။
စိတ်ခံစားချက် အလွန်ပြင်းထန်တဲ့သူ။
သူများ Trade သလို လိုက်တုပြီး Trade တဲ့သူ။
အမှားကို သင်ခန်းစာမယူတတ်ဘဲ တူညီတဲ့ လုပ်ရပ်အမှားပဲ ထပ်ခါထပ်ခါ မှားတဲ့သူ။
အရှုံးချေလိုစိတ် ကဲတဲ့သူ။
Charts တွေ အများကြီးဖွင့်ထားပြီး pairs တွေ အများကြီးကို တပြိုင်တည်း trade ဖို့ လောဘတက်တဲ့သူ။
ကိုယ်ဘာပဲ မှားမှား၊ ကိုယ့်အမှားကို မမြင်ဘဲ စျေးကွက်ကိုသာ အပြစ်တင်တဲ့သူ။
Trading plan မရှိဘဲ စိတ်ကူးပေါ်လို့၊ နက္ခတ်မိလို့၊ ယတြာဆောင်ပြီး Trade တဲ့သူ။
စျေးတက်တော့မယ်၊ စျေးကျတော့မယ် သူများပြောသံကြားလို့ ကောက်ခါငင်ခါ Trade တဲ့ သူ။
အမြတ်ကိုတော့ နဲနဲရတာနဲ့ သိမ်းပစ်ပြီး၊ အရှုံးကိုတော့ မြန်မြန်မဖြတ်ဘဲ သံယောဇဉ်ထား အလှထိုင်ကြည့်နေတတ်သူ။
ဆုံးရှုံးမှုကြုံပြီးရင် ဘာကြောင့်ရှုံးသလဲ ကိုယ့်ကိုကိုယ် အဖြေမရှာဘဲ မိသားစု၊ သူငယ်ချင်း၊ ဆရာသမား၊ ပတ်ဝန်းကျင်ကို ပတ်ရမ်းတတ်သူ။
စျေးကွက်ကို ထွက်ပြေးသွားမှာကြောက်ပြီး နေ့နေ့ညည Trade ချင်နေတဲ့သူ။
ခုတမျိုး တော်ကြာတမျိုး စိတ်အပြောင်းအလဲ မြန်၊ စိတ်မရှည် တဲ့သူ။
Analysis လုပ်ရမှာပျင်းပြီး trade signal တွေ၊ အချောင်ရမယ့် နည်းလမ်းတွေ လိုက်ရှာတဲ့သူ။
နေ့စဉ် သင်ယူရမှာ ပျင်းပြီး ဉီးနှောက်မစားချင်တဲ့သူ။
Strategy တခုကို ကောင်းစွာ နားလည်အောင် အချိန်မပေးချင်တဲ့သူ။
အထက်ပါ အချက်တွေထဲက တော်တော်များများ ကိုက်ညီနေပြီဆိုရင်တော့ Trader ကောင်း တယောက်ဖြစ်ဖို့အလှမ်းဝေးနေသေးတယ် လို့ယူဆနိုင်ပါတယ်။
နေ့စဉ် စျေးကွက်ရဲ့ မရိုးနိုင်တဲ့ အရွေ့တိုင်းမှာ အတွေ့အကြုံနဲ့ သင်ယူလေ့လာစရာတွေ မကုန်နိုင်အောင် ရှိနေပါတယ်။ Trader ဆိုတာ ကျောင်းသားတယောက်လို စျေးကွက်က ပေးတဲ့ အိမ်စာတွေကို ကြေညက်နေမှ Trader ကောင်းတယောက်အဖြစ် ရေရှည်မှာ ရပ်တည်နေနိုင်မှာ ဖြစ်ပါတယ်။
Trading လုပ်ပြီး ငွေရှာနိုင်ဖို့အတွက် အများစုက အချိန်သတ်မှတ်ချက် တခု ကြားချင်ကြတယ်။ သင်တန်းတက်ပြီးရင် ကျွမ်းကျွမ်းကျင်ကျင် Trade နိုင်မှာလား? စာအုပ်တွေ ဖတ်တာနဲ့ လုံလောက်လား? ဘယ်လောက်ကြာရင် ကျွမ်းမှာလဲ? ဆိုတာမျိုးတွေပေါ့။
Trader ဆိုတာ ကာယဗလ အားကစားသမား တယောက်လိုပဲ ကိုယ့်ကိုကိုယ် တည်ဆောက်ရတဲ့ အလုပ်ပါ။ နည်းစနစ်တွေကို စာအုပ်တွေ၊ သင်တန်းတွေကနေ လေ့လာလို့၊ သင်ယူလို့ရတယ်၊ ဒါပေမယ့် Trader ကောင်း တယောက်ဖြစ်အောင် ကတော့ နေ့စဉ်ကိုယ်တိုင် ကျင့်ကြံအားထုတ်ဖို့ များစွာ လိုအပ်ပါတယ်။
11. 8. 2023