
ဇင်ဘာဘွေဗဟိုဘဏ်ကတော့ ဟိုက်ပါအင်ဖလေးရှင်းကြောင့် ကြံရာမရတော့တဲ့အဆုံး ရွှေဒင်္ဂါးကို ငွေကြေးအရာထားပြီးသုံးတော့မည် လည်းဖြစ်သည်။ ငွေကြေးဖောင်းပွမှု အလွန်အကျွံ မြင့်တက်ပြီး ဇင်ဘာဘွေဒေါ်လာကို လက်ကိုင်မထားရဲကြတော့ဘဲ အမေရိကန် ဒေါ်လာကို ဝယ်စုမှုတွေ မြင့်တက်လာခဲ့တာကြောင့် ပြည်တွင်း၌ ဒေါ်လာရှားပါးမှု ပြဿနာတွေနဲ့ ကြုံခဲ့ကြရသည်။
ပြည်တွင်းဒေါ်လာ ဝယ်လိုအားကို လျော့ကျသွားစေရန် ဇင်ဘာဘွေ ဗဟိုဘဏ်က ရွှေဒင်္ဂါးတွေကို ထုတ်ပြီး သုံးစွဲဖို့ နည်းလမ်းရှာလာခြင်းလည်း ဖြစ်ပါသည်။ ၎င်းဗဟိုဘဏ်ထုတ် ရွှေဒင်္ဂါး တခုလျှင် အမေရိကန် ဒေါ်လာ $1800 ခန့် ရှိမည် ဖြစ်ကြောင်းလည်း ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားပါသည်။
ရွှေဒင်္ဂါးတွေကို ဗဟိုဘဏ်၌ ဝယ်ယူနိုင်သလို၊ ဇင်ဘာဘွေပြည်တွင်းမှာ အရောင်းအဝယ် လုပ်ခွင့်ပေးထားမည်ဟုလည်း သိရှိရပါသည်။ ပြီးခဲ့တဲ့ လထဲမှာ ဗဟိုဘဏ်က ရွှေဒင်္ဂါးတွေကို စတင်မိတ်ဆက်ရောင်းချခဲ့ပြီး ဒင်္ဂါး အရေအတွက် 4,475ခု အထိ ရှိခဲ့ကြောင်း Herald သတင်းစာ၌ ဖော်ပြထားပါသည်။
ဇင်ဘာဘွေနိုင်ငံရဲ့ အစိုးရအမှုထမ်း လစာ တနှစ်တာ ပျမ်းမျှ ဒေါ်လာ 2600 အထိ ရှိပါသည်။ အနိမ့်ဆုံးတန်ဖိုး အထိ သုံးစွဲနိုင်ရန် US$ 180 တန် ရွှေဒင်္ဂါး တွေကိုတော့ လာမည့် နိုဝင်ဘာလထဲ၌ စတင် ဖန်တီးသုံးစွဲသွားမည်လည်း ဖြစ်ပါသည်။
ဇင်ဘာဘွေနိုင်ငံဟာ 2000 ခုနှစ် အစောပိုင်းတုန်းက ဟိုက်ပါအင်ဖလေးရှင်းဒဏ်ကို အလူးအလဲ ခံခဲ့ရသော နိုင်ငံဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို ထိန်းနိုင်ရန် နည်းလမ်းမျိုးစုံ ကြိုးပမ်းခဲ့ပေမယ့် ယခု 2022 ခုနှစ် ဇူလိုင်လထဲမှာတော့ inflation နှုန်းက 256% အထိမြင့်တက်မှုရှိခဲ့သည်။ 2022 နှစ်စတုန်းက US$ 1 လျှင် Z$ 108.66 ဝန်းကျင် ရှိခဲ့ရာကနေ ယခုဩဂုတ်လထဲ၌ US$1 လျှင် Z$ 481.85 အထိ ရောက်ရှိခဲ့ပါသည်။
#NangKhamThiriOo
14. 8. 2022