တရုတ်ယွမ်ကို အားကိုးအားထားပြုနေတဲ့ ရုရှား 

Written by admin1

Ruble yuan

 
     ရုရှားနိုင်ငံရဲ့ ဓနသဟာယ ရန်ပုံငွေထဲ၌ တရုတ်ယွမ်ကို 60% အထိ တိုးမြှင့် စုဆောင်းထားရှိလာခဲ့သည်။ ရွှေကိုတော့ 40% အထိ တိုးမြှင့် စုဆောင်းထားရှိပြီး ဗြိတိန် ပေါင်နှင့် ဂျပန်ယန်းငွေတို့ကိုတော့ 0% အထိ လျှော့ချမှု လုပ်ခဲ့ပါသည်။ 
 
     2022 ခုနှစ်ထဲမှာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့မှုကြောင့် ရုရှားနိုင်ငံကို ကုန်သွယ်ရေး ပိတ်ဆို့မှုပြစ်ဒဏ်တွေ တိုး၍ ရှိခဲ့သည်။ ပြီးခဲ့တဲ့ နှစ်ထဲမှာ ရုရှားရဲ့ ကုန်သွယ်ရေး လိုငွေပြမှု ရှိခဲ့တာကြောင့် ဓနသဟာယ ရန်ပုံငွေထဲမှ စုဆောင်းထားရှိငွေတွေကို များစွာ ထုတ်သုံးခဲ့ရသဖြင့် ဓနသဟာရ ရန်ပုံငွေပမာဏက ဒေါ်လာ 186.5 ဘီလီယံ သာ ကျန်ရှိတော့ကြောင်း ဒီဇင်ဘာလ နောက်ဆုံးထွက် စာရင်းဒေတာ အရ သိရှိရပါသည်။
 
     အနောက်နိုင်ငံများမှ ဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင်ငွေကြေးများအားလုံးထဲမှ ထက်ဝက်ကျော်က Freeze လုပ်ခံထားရပြီး တန်ဖိုးအားဖြင့် ဒေါ်လာ 300 ဘီလီယံအထိ ရှိနိုင်ကြောင်း သိရှိရပါသည်။ ရုရှားအနေဖြင့် ယူကရိန်း အပေါ် 2022 ခုနှစ်ထဲ၌ ကျူးကျော်စစ်ဆင်နွှဲခဲ့ခြင်းကြောင့် ရုရှားကိုယ်တိုင်၌လည်း ဆုံးရှုံးမှုတွေ များစွာ ကြုံတွေ့နေရပြီလည်းဖြစ်သည်။ 
 
     2023 ခုနှစ်ထဲ၊နှစ်ဦးပိုင်း စျေးကွက် ဖွင့်ရက်မှာ ရုရှား ရူဘယ်လ်ငွေကြေးက အကျနှုန်း 0.4% ရှိနေပြီး 1 ဒေါ်လာကို 70.14 ရူဘယ်လ်ဝန်းကျင်၌ ရှိနေပါသည်။ 
 
#NangKhamThiriOo
3. 12. 2022
Category: