ယူကရိန်းအပေါ်ကျူးကျော်စစ် စတင်ခဲ့ပြီးနောက် ရုရှားဗဟိုဘဏ် ဒေါ်လာ ငွေကြေးအရန်သီးသန့်ထားရှိမှုနှုန်း လျော့ကျ

Written by Admin

 

ရုရှားဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့သည့် ဖေဖော်ဝါရီလ 24 ရက် နေ့မှစပြီး ရုရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ အရန်သိုလှောင်ထားရှိမှု စုစုပေါင်း တန်ဖိုး ဒေါ်လာ 642 ဘီလီယံ ၏ တဝက်ခန့် အထိ Freeze လုပ်မှု ခံခဲ့ရပြီး SWIFT payment စနစ်ကနေ ဖယ်ရှားခြင်းခံခဲ့ရပြီလည်း ဖြစ်သည်။

၎င်းနောက် ရုရှား အနေဖြင့် အမေရိကန်ဒေါ်လာကို သုံးဖို့ အကန့်အသတ်များရှိ သောကြောင့် တရုတ်အပါအဝင် အာရှနိုင်ငံများနှင့် အလယ်ပိုင်းဒေသ နိုင်ငံများ တို့မှ ရွှေ သို့မဟုတ် အခြားသော ငွေကြေးများကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့သည်။

သို့သော် ရုရှားဟာ ကျူးကျော်စစ်မတိုင်ခင်ကတည်းက ရုရှားဗဟိုဘဏ်၌ ဒေါ်လာ အရန်ထားရှိမှုပမာဏကို လျှော့ချမှုတွေ လုပ်ခဲ့ပါသည်။ နောက်ဆုံးထွက် စာရင်းအရ ဇန်နဝါရီလ 1 ရက်နေ့ 2022 ခုနှစ်၌ ဒေါ်လာ ငွေကြေးအရန်ထားရှိမှု နုန်းဟာ 10.9 % အထိ ထိုးကျသွားခဲ့သည်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းတုန်းက 21.2% အထိ ရှိခဲ့ရာကနေ လျှော့ချခဲ့ခြင်းလည်း ဖြစ်ပါသည်။

ဒေါ်လာကို လျှော့ချပြီး ယွမ်ကို တော့ အဝယ်တိုးခဲ့သည်။ ယွမ်ငွေကြေးအရန် သိုလှောင်ထားရှိမှုနှုန်းဟာ 17.1% ကနေ 12.8% အထိ တိုးမြှင့်ခဲ့ပါသည်။ ယူရိုအရန်ထားရှိမှုနှုန်းကိုလည်း 29.2% ကနေ 33.9% အထိ တိုးမြှင့်ခဲ့သည်။

ရွှေအရန်သိုလှောင်ထားရှိမှုနှုန်းကတော့ 23.3% ကနေ 21.5% အထိ လျော့ကျမှု ရှိခဲ့ပါသည်။ IMF မှ ဒေတာအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ လကုန်ပိုင်းတုန်းက ရုရှားရဲ့ ရွှေသိုလှောင်ထားရှိမှု ပမာဏ စုစုပေါင်း တန်ချိန် 2,300 နီးပါးအထိ ဒေတာများအရ ရှိခဲ့ကြောင်း သိရှိရပါသည်။

ရုရှားဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ အရန်သီးသန့် ထားရှိမှု တန်ဖိုးစုစုပေါင်း $583.4 ဘီလီယံ၌ ရှိနေပါသည်။

NangKhamThiriOo
2. 6. 2022

Category: