
အမေရိကန် Fed ဗဟိုဘဏ်ကြီးကတော့ မနေ့ညက FOMC အစည်းအဝေး မှာ ဗဟိုဘဏ် အတိုးနှုန်းကို အခြေခံပွိုင့် 75 ပွိုင့် တိုးမြှင့်ခဲ့ပါသည်။ လက်ရှိ Fed ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဟာ 2.25% - 2.5% range ၌ ရှိနေပါသည်။ ၎င်းအတိုးနှုန်းဟာ COVID-19 ကပ်ရောဂါဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း အမြင့်ဆုံး အတိုးနှုန်း range ကို ပြန်ရောက်လာတာလည်း ဖြစ်ပါသည်။
အမေရိကန် အင်ဖလေးရှင်းနှုန်းဟာ 9.1% ၌ ရှိနေပြီး နှစ်ပေါင်း 40 ကျော် ကာလအတွင်း၌ အမြင့်ဆုံး စံချိန်တင် အမှတ်သို့ ရောက်ရှိနေတာ ဖြစ်သောကြောင့် Fed ဗဟိုဘဏ်က အတိုးနှုန်းကို ပွိုင့်အရေအတွက်များများ ဖြင့် အကြိမ်ရေ ခပ်စိတ်စိတ် တိုးနေခြင်းလည်း ဖြစ်ပါသည်။ Fed က target ထားသည့် အင်ဖလေးရှင်းနှုန်း 2% ကို ပြန်ရောက်အောင် အတိုးနှုန်းကို အရှိန်တိုးမြှင့်၍ တိုးနေခြင်းလည်း ဖြစ်သည်။
ယခုတကြိမ်နဲ့ဆိုရင် 75 bps တိုးတာ ရှေ့လ အစည်းအဝေးမှာ တကြိမ်တိုးခဲ့ဖူးပြီး ယခုနဲ့ဆို နှစ်ကြိမ် ဆက်တိုက် ရှိခဲ့ပြီး Fed ဗဟိုဘဏ်ရဲ့ သမိုင်းတလျှောက် အတိုးနှုန်း အရေအတွက် အများကြီးကို နှစ်ကြိမ်ဆက်တိုက် တိုးမြှင့်တာ စံချိန်သစ်တင် သွားခဲ့ပြီလည်း ဖြစ်ပါသည်။
အစည်းအဝေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲမှာတော့ Fed ဉက္ကဋ္ဌ Powell ဟာ လာမည့် အစည်းအဝေးတွေမှာတော့ အတိုးနှုန်းကို ပွိုင့် အရေအတွက် မထင်မှတ်ထားလောက်တဲ့ ပမာဏလောက်သာ တိုးနိုင်ခြေ ရှိကြောင်း မှတ်ချက်ပြုသွားခဲ့ပါသည်။ Less hawkish မှတ်ချက်ဖြစ်ခဲ့တာကြောင့် ၎င်းသတင်းစာရှင်းလင်းပွဲ အပြီး၌ ဒေါ်လာညွှန်းကိန်းက 106 level အထိ ထိုးဆင်းခဲ့သည်။
ကမ္ဘာ့ရွှေကတော့ $1,741 အထိ မြင့်တက်မှု ရှိခဲ့သည်။ Bitcoin ကတော့ $23,000 အထက်ပြန်တက်လာခဲ့ပြီး အတက်နှုန်း +10% ရှိထားသည်။ Ethereum ကတော့ $1,670 ကျော်အထိ ရောက်ထားပြီး အတက်နှုန်း +15% အထိ ရှိထားပါသည်။
28. 7. 2022