Fed ဗဟိုဘဏ်အစည်းအဝေး မတိုင်ခင် ဒေါ်လာညွှန်းကိန်း အကျပြမှုရှိနေ

Written by Web Admin
 
     အမေရိကန် Fed ဗဟိုဘဏ်ကြီးက အတိုးနှုန်းတိုးခြင်းကို အရှိန်တိုးမြှင့် လုပ်ဆောင်နေခြင်းဟာ ရီဆက်ရှင်း ဖြစ်နိုင်ခြေ အလားအလာကို ပို၍ တွန်းအားဖြစ်စေနိုင်သည့် အနေအထားကြောင့် ငွေကြေးစျေးကွက် ထဲမှာတော့ ဒေါ်လာညွှန်းကိန်းဟာ အကျပြန်ရှိလာပါသည်။ 
 
     လာမည့် ဗုဒ္ဓဟူးနေ့ FOMC meeting ၌ အတိုးနှုန်းကို အခြေခံပွိုင့် (basis points) 75 ပွိုင့် (0.75%) တိုးနိုင်ခြေ မှန်းထားပြီး ဒီနှစ်ထဲမှာ စတုတ္ထ အကြိမ်မြောက် အတိုးနှုန်းတိုးခြင်းလည်း ဖြစ်လိမ်ြမည်။ CME fedwatch အရဆိုလျှင် 75 bps တိုးနိုင်ခြေ အလားအလာက 75% ရှိနေပြီး 25 bps တိုးနိုင်ခြေ အလားအလာက 100% အထိ ရှိနေပါသည်။
 
     အမေရိကန် အင်ဖလေးရှင်းနှုန်းက နှစ်ပေါင်း 40 နှစ် ကျော် အတွင်း၌ အမြင့်ဆုံးနှုန်း 9.1% အထိ ရောက် ရှိနေပြီ ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိခဲ့သည့် စီးပွားရေး ဒေတာတွေမှာ အကျဘက် ပြန်ရှိနေခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ 
 
     ထို့ကြောင့် နိုင်ငံတကာ ငွေကြေး စျေးကွက် ထဲမှာတော့ ဒေါ်လာကို အမြင့်စျေးမှာ အမြတ်ဖော်မှုတွေ လုပ်ခဲ့ကြပြီး လက်ခါကြလို့ ဒေါ်လာညွှန်းကိန်းဟာ နှစ်ပေါင်း 20 အတွင်းအမြင့်ဆုံး အမှတ်ကနေ အကျပြန်ဆင်းလာသည်။ 
 
     ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာဆိုရင် ဒေါ်လာညွှန်းကိန်းဟာ တပတ်တာ အကျနှုန်း - 1.7% ကျော် ရှိခဲ့ပြီး 2 လတာ ကာလအတွင်းမှာ အကျအများဆုံး သီတင်းပတ် တခုအဖြစ်လည်း ရှိခဲ့ပါသည်။ ဒေါ်လာညွှန်းကိန်းဟာ ဇူလိုင်လဆန်း တုန်းကတော့ ဆယ်စုနှစ် 2 ခုတာ ကာလအတွင်းအမြင့်ဆုံး ဖြစ်သည့် 109.13 level ကို ရောက်ရှိခဲ့ပြီး လက်ရှိမှာတော့ 106.40 ဝန်းကျင်နား၌ ရှိနေပါသည်။ 
 
#NangKhamThiriOo
26. 7. 202
Category: