
ကမ္ဘာသုံးငွေကြေးဆိုသည်မှာ ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှာ ငွေပေးချေမှုတွေ အတွက် အများက လက်ခံကြသော ငွေကြေးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ နိုင်ငံ အရပ်ရပ်တို့မှာ ကုန်သွယ်ရေးတွေ လုပ်ဆောင်ကြရာ၌ အများဆုံး လက်ခံကြသည့် ကမ္ဘာသုံးငွေကြေးများမှာ ဒေါ်လာ၊ ယူရို နှင့် ဂျပန်ယန်း ငွေကြေး တို့သာ ဖြစ်ကြပါသည်။
ကမ္ဘာပေါ်မှာ အသုံးအများဆုံး ကမ္ဘာသုံးငွေကြေးဟာ ကမ္ဘာ့အရန်သီးသန့် ထားရှိငွေကြေး (Reserve Currency) အရာ၌လည်း ထိပ်ဆုံးမှာ ရှိနေသော ငွေကြေးဖြစ်သည်။ ၎င်းထိပ်ဆုံးနေရာကို အမေရိကန် ဒေါ်လာကသာ ရယူထားဆဲဖြစ်ပါသည်။
Global reserve ငွေကြေးများအနက် အမေရိကန် ဒေါ်လာက 59% ကျော်အထိ နေရာယူထားကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) မှ စာရင်းအရ သိရှိရပါသည်။
နိုင်ငံခြားငွေကြေးစျေးကွက် (Forex Market) ထဲမှာ ဒေါ်လာဟာ အရောင်းအဝယ် လုပ်မှုနှုန်း 88% အထိ အများဆုံးနေရာယူထားပါသည်။
ကမ္ဘာ့နိုင်ငံ အရပ်ရပ်တို့မှ ဘဏ်များဟာလည်း deposit နှင့် loan တို့ အတွက် ဒေါ်လာကို 60% လောက်အထိ အသုံးပြုမှု ရှိနေကြပါသည်။
ကမ္ဘာ့ကြွေးမြီစုစုပေါင်းရဲ့ 40% ဟာ ဒေါ်လာဖြင့် ထုတ်ထားခြင်း ဖြစ်သည်။
2008 ဘဏ္ဍာရေးပျက်ကပ်ကာလ၊ 2020 Covid-19 ကာလ စသည့် အကြပ်အတည်းကာလမျိုးတွေမှာ ဒေါ်လာကိုသာ Safe Haven လုပ်မှု အများဆုံး ရှိခဲ့ကြသည်ကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ကြရပြီးလည်း ဖြစ်ပါသည်။
23. 4. 2023