လက်ရှိအချိန်၌ ကုမ္ပဏီ စျေးကွက်အရင်းပြုတန်ဖိုး အားဖြင့် ဒေါ်လာ ထရီလီယံချီသော ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီကြီး 6 ခုကို အစဉ်လိုက်အတိုင်း ဖော်ပြလိုက်ပါသည်။
Apple ကုမ္ပဏီကတော့ စျေးကွက်အရင်းပြုတန်ဖိုး ဒေါ်လာ 2.908 ထရီလီယံ အထိ ရှိနေပြီး ကမ္ဘာ့တန်ဖိုး အကြီးဆုံး နံပါတ် 1 နေရာ၌ ရှိနေပါသည်။
Saudi Aramco ကုမ္ပဏီရဲ့ စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 2.097 ထရီလီယံ
Alphabet ကုမ္ပဏီရဲ့ စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 1.57 ထရီလီယံ
Amazon ကုမ္ပဏီရဲ့ စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 1.287 ထရီလီယံ
Nvidia ကုမ္ပဏီရဲ့ စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 1.054 ထရီလီယံ
စသဖြင့် ရှိနေပါသည်။
Nvidia ကတော့ ပြီးခဲ့တဲ့ မေလ 30 ရက်နေ့တုန်းကမှ ဒေါ်လာ 1 ထရီလီယံ တန်းဝင် ကုမ္ပဏီ အဖြစ် ရောက်ရှိလာခဲ့ခြင်းလည်း ဖြစ်ပြီး ဒီနှစ်ထဲမှာ Nvidia ကုမ္ပဏီရဲ့ စတော့က အတက်နှုန်း စုစုပေါင်း + 198.23% အထိ ရှိထားပြီလည်း ဖြစ်သည်။
ပြီးခဲ့တဲ့ 5 နှစ်တာ ကာလအတွင်းမှာတော့ Nvidia ရဲ့ စတော့က အတက်နှုန်း + 580.46% အထိရှိနေပြီလည်း ဖြစ်ပါသည်။
စာရေးသူတို့ရဲ့ ဘဏ္ဍာရေး စျေးကွက် (Financial Market) zoom class နဲ့ Top Analysts Group ထဲမှာတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းကတည်းက NVDA စတော့ကို DCA လုပ်ဖို့ တောက်လျှောက် အကြံပြု ပေးခဲ့ပြီး လက်ရှိအချိန်ထိ return နှုန်းက + 57% ကျော် ရှိထားပြီလည်း ဖြစ်ပါသည်။
17. 6. 2023