စတော့ဂရုကြီး ဝါရင်းဘတ်ဖက်ကို Investor တိုင်း သိကြပေမယ့် ဘတ်ဖက်ရဲ့ ဆရာဖြစ်သူ ဂရေဟမ် ကိုတော့ သိသူနည်းပါးကြသည်။ စတော့ ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုလောကမှာ ပြိုင်ဘက်ကင်း ဂုရုကြီး ဖြစ်သူ ဝါရင်းဘတ်ဖက် အောင်မြင်မှု သရဖူဆောင်းနိုင်ခဲ့မှု၌ ဘမ်ဂျမင်းဂရေဟမ် ရဲ့ စာအုပ်တွေကို အကြိမ်ကြိမ်ဖတ်မှတ်ပြီး လက်တွေ့မှာ အသုံးချခဲ့ခြင်းကြောင့်ဟု ဘတ်ဖက်ကလည်း သူ့ဆရာအား အမွှန်းတင် ကျေးဇူးစကား အကြိမ်ကြိမ်ဆိုခဲ့ဖူးပါသည်။
"The essence of investment management is the management of risks, not the management of returns." .
"ရင်းနှီးမြှုပ်နှံမှုကို စီမံခန့်ခွဲတဲ့ အခါမှာ မရှိမဖြစ် အရေးကြီးတဲ့အရာက အမြတ်ပြန်ရနှုန်းတွေကို စီမံထိန်းကျောင်းရတာမျိုးမဟုတ်ဘဲ ဆုံးရှုံးနိုင်ခြေ (risk) တွေကိုသာ စီမံထိန်းကျောင်းနိုင်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်" ဟု ဘမ်ဂျမင်း ဂရေဟမ် က ဆိုထားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု (Investment) ဖြစ်စေ၊ အရောင်းအဝယ် (Trading) ဖြစ်စေ လုပ်ကိုင်ရာမှာ အမြတ်ကိုပဲ ရှေးရှူလို့မရ၊ ဆုံးရှုံးနိုင်ခြေတွေကို အရင်တွက်ဆနိုင်ဖို့ လိုအပ်ပါသည်။ တချို့သောသူတွေက ငါးစာသာမြင်ပြီး ငါးမျှား ချိတ်ကို မမြင်ကြဘဲ မဆုံးရှုံးသင်တာတွေ ဆုံးရှုံးကြရတာမျိုးတွေ ရှိကြပါသည်။
ယနေ့ခေတ်အခါမှာဆိုရင် investing , trading တို့အတွက် တင် မက နေ့စဥ်သွားရေးလာရေး၊ နေထိုင်စားသောက်ရေး ကိစ္စရပ်တွေ မှာတောင် ကိုယ့်အပေါ်ထိခိုက်စေနိုင်မယ့် Risk တွေကို ချိန်ဆပြီး အရာရာ သတိနဲ့ နေထိုင်နိုင်ဖို့ အထူးလိုအပ်ပါကြောင်း။
25. 6. 2023
Photo - Google