Apple ကုမ္ပဏီရဲ့ စျေးကွက် အရင်းပြုတန်ဖိုးဟာ ဒေါ်လာ 3.05 ထရီလီယံအထိ ရှိနေ 

AAPL3T

 
လက်ရှိ၌ Apple ကုမ္ပဏီရဲ့ စျေးကွက် အရင်းပြုတန်ဖိုးဟာ ဒေါ်လာ 3 ထရီလီယံ အထိ ရှိနေပြီး ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီအဖြစ် ထိပ်ဆုံးမှာ ရှိနေပါသည်။
1977 ခုနှစ်တုန်းက Apple ကုမ္ပဏီ ရဲ့ စျေးကွက်အရင်းပြုတန်ဖိုးဟာ ဒေါ်လာ သန်း 300 ပဲ ရှိခဲ့ရာကနေ 1980 ခုနှစ်မှာတော့ ဒေါ်လာ 1 ဘီလီယံ တန်းဝင် ကုမ္ပဏီ အဖြစ် ရောက်ရှိလာခဲ့သည်။
၎င်းနောက်ပိုင်း တိုးတက်ပြောင်းလဲလာသော ကုမ္ပဏီ စျေးကွက်အရင်းပြုတန်ဖိုးတွေကို ကြည့်ပါက -
2007 ခုနှစ်မှာ ဒေါ်လာ 100 ဘီလီယံ
2010 ခုနှစ်မှာ ဒေါ်လာ 200 ဘီလီယံ
2011 ခုနှစ်မှာ ဒေါ်လာ 300 ဘီလီယံ
2012 ခုနှစ်မှာ ဒေါ်လာ 600 ဘီလီယံ
2014 ခုနှစ်မှာ ဒေါ်လာ 700 ဘီလီယံ
2017 ခုနှစ်မှာ ဒေါ်လာ 900 ဘီလီယံ
2018 ခုနှစ်မှာ ဒေါ်လာ 1 ထရီလီယံ
2020 ခုနှစ်မှာ ဒေါ်လာ 2 ထရီလီယံ
ယခု 2023 ခုနှစ်မှာ ဒေါ်လာ 3 ထရီလီယံ
စသဖြင့် အတက်ဘက်သို့ တောက်လျှောက် ရှိလာခဲ့တာလည်း ဖြစ်ပါသည်။
AAPL စတော့ဟာ နှစ်စကနေ အခုချိန်ထိ အတက်နှုန်း +55% ကျော် ရှိထားပြီလည်း ဖြစ်ပါသည်။
2. 7. 2023
Category: