တော့ဂရုကြီး ဝါရင်းဘတ်ဖက်ရဲ့ Financial Rules များ 

WarrenTips11

Financial Markets ထဲမှာ Investing ပဲ လုပ်လုပ်၊ Trading ပဲ လုပ်လုပ် Investor ချင်း၊ Trader ချင်း တွေ့ကြသည့်အခါ ထည့်ပြောတတ်ကြသည့် စကားတခွန်းရှိပါသည်။ သင်ဟာ Fundamental သမားလား? Technical သမား တယောက်လား? ဆိုပြီးတော့ပါ။

စတော့ဂရုကြီးဝါရင်းဘတ်ဖက် ကတော့ 100% ရာနှုန်းပြည့် Fundamental သမား ဖြစ်ပါသည်။ သူဟာ Trendline မဆွဲတတ်သလို၊ Technical indicator တွေ မကြည့်တတ်ပါ။ ကွန်ပြူတာတောင် မဖွင့်ပါ။

Longterm Holder တယောက်ဖြစ်သည့်အတွက် စတော့ရှယ်ယာတွေကို Analysis လုပ်သည့်အခါမှာ Fundamental ပိုင်းသာ Analysis လုပ်လေ့ရှိပါသည်။

ဘတ်ဖက်ရဲ့ Berkshire Portfolio ဟာဆိုရင် နှစ်စဉ် နှစ်တိုင်း Average annual return ထွက်နှုန်း 19% မှ 20% ဝန်းကျင် ပုံမှန်ထွက်ပါသည်။ S&P 500 ရဲ့ နှစ်စဉ် ပျမ်းမျှ annual return တောင် 9% မှ 10% ဝန်းကျင်သာ ရှိသည်။

FA ဂုရကြီး ဝါရင်းဘတ်ဖက် အဓိကထားကြည့်သည့် Rules တွေကတော့...

(1) ကုမ္ပဏီတခုရဲ့ Gross Profit Margin ဟာ 40% ထက်ကျော်သလား ဆိုတာ တွက်ချက် စစ်ဆေးကြည့်ခြင်း။

(2) ROE (Return On Equity) သည် အနည်းဆုံး 15% (သိုမဟုတ်) အဲထက်ကျော်သလားဆိုတာကို သုံးသပ်ကြည့်ခြင်း။

(3) ကုမ္ပဏီရဲ့ ရှယ်တစောင်ပေါ်မှ အမြတ်ဝင်ငွေ EPS သည်လည်း တနှစ်ထက် တနှစ် တိုးတက်ခိုင်မာမှု ရှိရဲ့လားဆိုတာကို သုံးသပ်ခြင်း။

(4) D/E ratio နိမ့်နေသလား တွက်ကြည့်ခြင်း။

(5) လုံလောက်တဲ့ Cash Flow ရှိရဲ့လား သုံးသပ်ကြည့်ခြင်း။

(6) Balance Sheet ခိုင်ရဲ့လား ဆိုတာ စစ်ဆေးကြည့်ခြင်း။

(7) ကုမ္ပဏီရဲ့ Dividend ပေးမှု အနေအထားကို သမိုင်းကြောင်းပြန်လှန်ကြည့်ပြီး သုံးသပ်ခြင်း။

(8) ကုမ္ပဏီကို ဦးစီးဦးဆောင်ပြုနေသူများ (Management Team) ကရော ရိုးသားပြီး ယှဉ်ပြိုင်ဘက် ကုမ္ပဏီတွေအကြားမှာရော ယှဉ်ပြိုင်မှု အသာစီးရအောင် စွမ်းဆောင်နိုင်သူတွေလား ဆိုတာ သုံးသပ်ခြင်း။

(9) ကုမ္ပဏီ ရဲ့ စီးပွားရေးသည် နားလည်ရလွယ်တဲ့ စီးပွားရေးမျိုး ဟုတ်ရဲ့လား ဆိုတာကို ကြည့်ခြင်း။

(10) ကုမ္ပဏီရဲ့ စီးပွားရေးဟာ Non - cyclical အုပ်စုထဲကလား။

(11) ကုမ္ပဏီသည် Moat ရှိရဲ့လား။

(12) စတော့သည် Undervalued ဖြစ်နေရဲ့လား။

(13) ရေရှည်ကာလမှာ အကျိုးအမြတ်ခိုင်မာမှု ရှိနိုင်ပြီး ကိုယ့်အတွက်လည်း စိတ်မောမှု ဖြစ်မနေစေတဲ့ လုပ်ငန်းမျိုးကို အခြေခံထားလား။

(14) ကိုယ့် rules တွေနဲ့ ကိုယ်ချမှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ စတော့မျိုးဆိုရင်လည်း လက်လွှတ်လိုက်ဖို ဝန်မလေးပဲ ရှိခြင်း။

စသဖြင့် ဝါရင်းဘတ်ဖက်က ဒီအချက်တွေကို အဓိက လက်ကိုင်ထား ကျင့်သုံးပြီးမှ စတော့ကို ရွေးချယ်မှု လုပ်ပါသည်။

ဝါရင်းဘတ်ဖက်ရဲ့ နည်းတွေကျင့်သုံးပြီး စတော့စျေးကွက်မှာ Longterm Invest လုပ်ဖိုဆိုရင် အနည်းဆုံးတော့ Financial Statement တွေကို analysis လုပ်နိုင်ဖို လိုအပ်ပါသည်။ Longterm အတွက် စတော့ရွေးချယ်တဲ့အခါမှာ Financial statement analysis လုပ်ကို လုပ်နိုင်မှ ရမည် ဖြစ်သည်။

ဒါကြောင့် Financial Markets Zoom Class မှာဆိုရင် စတော့စျေးကွက်အပိုင်း သင်ရာမှာ Financial Statement Analysis ပိုင်းကို ထည့်သင်သလို ရေတိုပိုင်း အရောင်းအဝယ် လုပ်ချင်သူတွေအတွက်ပါ TA ကိုလည်း ထည့်သွင်းသင်ကြားပေးတာလည်း ဖြစ်သည်။

#NangKhamThiriOo

Category: