တချိန်တုန်းက အမေဇုံ သူဋ္ဌေးကြီး Jeff Bezos ဟာ စတော့ဂုရုကြီး Warren Buffett နှင့် ဆုံတွေ့ခဲ့ကြသည်။

JeffWarren

တချိန်တုန်းက အမေဇုံ သူဋ္ဌေးကြီး Jeff Bezos ဟာ စတော့ဂုရုကြီး Warren Buffett နှင့် ဆုံတွေ့ခဲ့ကြသည်။
ထိုအခါ Bezos က
"မစ္စတာ ဘတ်ဖက်ရေ သင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာတွေက အလွန်ကို ရိုးရှင်းပြီး လူတိုင်းလိုက်လုပ်လို့ရတဲ့ နည်းတွေပါ၊ ဒါပေမယ့် ဘာကြောင့် လူတိုင်းက သင့်ရဲ့ နည်းဗျူဟာကို အတုယူပြီး လိုက်မလုပ်နိုင်ကြရတာလဲ" ဟု မေးခဲ့ပါသည်။
 
"ဘာလို့ မလုပ်ကြတာလဲဆိုတော့ ဘယ်သူကမှ ဖြေးဖြေးမှန်မှန်ချမ်းသာနည်းကို မလုပ်ချင်ကြလို့ပေါ့ကွာ" ဟု ဘတ်ဖက်က ပြန်ဖြေခဲ့ပါသည်။
 
ဝါရင်းဘတ်ဖက်ရဲ့ အဖြေဟာ သွေး ထွက်အောင်ကို မှန်ပါသည်။ အများစုတို့ဟာ မျက်တောင် တခတ်စာလောက်သာ တွေးကြသည်က များသည်။ လောလောဆယ် အနေချောင်ချင်တာ၊ လောလောဆယ် အရများတာ မျိုးကိုသာ မက်ကြပြီး နောင် တချိန်မှာ အသက်အရွယ် ကြီးရင့်သည့် အချိန်အထိကို ဆန့်တန်းပြီး မတွေးကြတာက များကြပါသည်။
 
အနာဂတ်ကာလမှာ အကျိုးဖြစ်ထွန်းမှု တည်ငြိမ်စွာ ရရှိအောင် စွမ်းဆောင်ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှု ပညာ၊ ငွေရေးကြေးရေး ပညာတွေကို အချိန်ယူလေ့လာပြီး အချိန်ယူကာ လက်တွေ့ လေ့ကျင့်လုပ်ဆောင်ရမှာကို စိတ်မရှည်ချင်ကြဘဲ အချိန်တိုအတွင်း အရများသည့် တပွဲတိုး နည်းလမ်းတွေ နောက်ကို လိုက်ကြလို့ အလိမ်ခံရသည့် ဖြစ်ရပ်တွေလည်း မနည်းကြတော့ပေ။
 
တချိန်တုန်းက ကျွန်မ၏ ရိုသေလေးစားရသော ဆရာ တယောက် ပြောခဲ့ဖူးသည့် "လောလောဆယ် စားရတဲ့ ဟင်းကောင်း တခွက်နဲ့ နောက် တချိန်မှာ စားရမယ့် ဟင်းကောင်း ပွဲ 100 ကို မလဲ လိုက်နဲ့" ဆိုသော ဆုံးမစကားလေးကိုပင် ပြန်အမှတ်ရလိုက်မိပါသည်။ 
 
23. 5. 2024
Category: