Evergrande ရှယ်ယာအကျ ၊ ယွမ်အကျ 

Evergra

 
တရုတ် အိမ်ခြံမြေ လုပ်ငန်းစုကြီး Evergrande ရဲ့ ရှယ်ယာ ကို ဟောင်ကောင် စတော့အိတ်ချိန်းမှာ အရောင်းအဝယ်လုပ်ခွင့် 17 လကြာ ရပ်နားထားခဲ့ပြီး ယနေ့ တနင်္လာနေ့မှာ အရောင်းအဝယ် ပြန်ဖွင့်ဖွင့်ချင်း ရှယ်ယာစျေးနှုန်းက -87% အထိ ထိုးကျခဲ့ပါသည်။
 
Evergrande ဟာ 2021 ခုနှစ် ကုန်ပိုင်းလောက်ကတည်းက debt defaults ဖြစ်ခဲ့ပြီး အရင်တပတ်တုန်းကတော့ ဒေဝါလီ ခံခွင့် စာရင်းတင်ထားခဲ့ပြီလည်း ဖြစ်သည်။
 
Evergrande လုပ်ငန်းစုရဲ့ ကြွေးမြီ ပမာဏက ယွမ် 2.437 ထရီလီယံ (ဒေါ်လာ 340 ဘီလီယံ) အထိ ရှိပြီး ၎င်းတန်ဖိုးပမာဏဟာ တရုတ်နိုင်ငံ GDP ရဲ့ 2% နီးပါး ရှိနေ တာလည်း ဖြစ်သည်။
 
ငွေကြေးစျေးကွက်ထဲမှာတော့ တရုတ် ယွမ် အကျ သက်ရောက်မှု ရှိနေပြီး ဒေါ်လာ/ယွမ် ငွေကြေးအတွဲဟာ 7.26 ကနေ 7.30 အထိ အတက်ပြန်ရှိလာပါသည်။
 
28. 8. 2023
Category: