ကုမ္ပဏီစျေးကွက်အရင်းပြုတန်ဖိုး ဒေါ်လာ 3 ထရီလီယံကို တကျော့ပြန်ရောက်ရှိလာတဲ့ Apple 

applewa

 
ဒီကနေ့ မြန်မာချိန် ည 8 နာရီ အမေရိကန် စတော့စျေးကွက် ဖွင့်ဖွင့်ချင်းမှာတင် Apple ကုမ္ပဏီရဲ့ ရှယ်ယာ စျေး က အတက်နှုန်း +1.5 % ကျော် ရှိနေပြီး ရှယ်ယာတစောင်စျေး $192.50 ဝန်းကျင်အထိ ခုန်တက်ထားပါသည်။
 
စတော့ စျေးနှုန်း အတက်ကြောင့် Apple ကုမ္ပဏီရဲ့ စျေးကွက် အရင်းပြုတန်ဖိုးကလည်း ဒေါ်လာ 3.03 ထရီလီယံ အထိ မြင့်တက်လာခဲ့ပါသည်။ 2022 ခုနှစ် ဇန်နဝါရီလ တုန်းကလည်း Apple ရဲ့ စျေးကွက် အရင်းပြုတန်ဖိုးက ဒေါ်လာ 3 ထရီလီယံ ကို ခနမျှသာ ထိခဲ့ပြီး ပြန်ကျခဲ့ဖူးပြီးနောက် ယခုအခါ ဒေါ်လာ 3 ထရီလီယံ တန်းကို တကျော့ပြန်တက်လာတာလည်း ဖြစ်သည်။
 
Apple ကုမ္ပဏီဟာ 1977 ခုနှစ်တုန်းက စျေးကွက်အရင်းပြုတန်ဖိုး ဒေါ်လာ 3 သန်း သာ တန်ကြေးရှိခဲ့ရာကနေ ယခုအခါ ဒေါ်လာ 3 ထရီလီယံ ကျော်လာခဲ့သည်အထိ အောင်မြင်မှုဟာ အံ့မခန်းပင် ဖြစ်သည်။
 
Apple စတော့ ကတော့ စတော့ဂုရုကြီး ဝါရင်းဘတ်ဖက် ရဲ့ Berkshire Hathaway ပေါ်ဖိုလီယိုထဲမှာ အများဆုံး လက်ဝယ်ထားရှိသည့် စတော့အမျိုးအစား လည်း ဖြစ်ပါသည်။  Berkshire ပေါ်ဖိုလီယို ထဲမှာ AAPL ရှယ်ယာကို စောင်ရေ 915.6 သန်းအထိ ရင်းနှီးမြှုပ်နှံမှု ထားရှိသည်။
 
တန်ဖိုးအားဖြင့် နှစ်စတုန်းက ရှိခဲ့သည့် Apple ရှယ်ယာစျေးဖြင့်ကြည့်လျှင် ဒေါ်လာ 119 ဘီလီယံ ရှိခဲ့ရာ ကနေ ဒီကနေ့ ပေါက်စျေးဖြင့် ကြည့်ပါက ဒေါ်လာ 176.2 ဘီလီယံ ဝန်းကျင်အထိ ရှိနေမည် ဖြစ်ပါသည်။
 
30. 6. 2023
Photo - Google
Category: