
2026 ခုနှစ် ဇန်နဝါရီလ 1 ရက်နေ့မှာတော့ ဝါရင်းဘတ်ဖက်ဟာ Berkshire Hathaway ရဲ့ CEO နေရာမှာ မရှိတော့ဘဲ retired လုပ်ခဲ့လိုက်ပြီ ဖြစ်ပါသည်။ 1962 ခုနှစ်တုန်းက Berkshire စတော့ကို ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ရာကနေစပြီး 1965 ခုနှစ်မှာတော့ ဘတ်ဖက်ဟာ Berkshire ရဲ့ CEO အဖြစ်သို ရောက်ရှိလာခဲ့သည်။
1965 ခုနှစ်မှ 2025 ခုနှစ် ဒီဇင်ဘာလ 31 ရက်နေ့အထိ လျှောက်လှမ်းခဲ့တဲ့ ဘတ်ဖက်ရဲ့ Berkshire CEO ခရီးလမ်းတလျှောက်မှာ Berkshire ကုမ္ပဏီကြီးကို ကမ္ဘာ့တန်ဖိုးအကြီးဆုံး 10 ခု စာရင်းဝင်စေခဲ့တဲ့အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
Berkshire စတော့စျေးနှုန်းကလည်း 1965 ကနေ 2025 အထိ စုစုပေါင်း return နှုန်းဟာ +6,118,650% ကျော် အထိ အံ့မခန်းရှိခဲ့ပြီး နှစ်စဉ် တနှစ်တာပျမ်းမျှ return သည်လည်း +20% ဝန်းကျင် ရှိခဲ့ပါသည်။ တချိန်တည်းသော ကာလမှာ S&P 500 ရဲ့ return စုစုပေါင်းကတော့ +46,490% အထိ အတက်နှုန်းရှိခဲ့ပြီး နှစ်စဉ် တနှစ်တာပျမ်းမျှ return ကတော့ +10.4% ခန့် သာရှိပါသည်။
ဝါရင်းဘတ်ဖက် တယောက် Berkshire ကို ဦးစီးခဲ့သည့် နှစ်ပေါင်း 60 အတွင်းမှာ အနှစ် 40 က S&P 500 ရဲ့ return ထက်ကို သာလွန်တဲ့ return တွေ ထွက်ရှိစေခဲ့တဲ့အထိ စွမ်းဆောင်မှု ကောင်းခဲ့ပါသည်။
1965 ခုနှစ်တုန်းက Berkshire ရဲ့ Class A ရှယ်ယာတန်ဖိုးက $19 ဝန်းကျင်ပဲ ရှိခဲ့ရာကနေ 2025 ခုနှစ် မေလထဲမှာ သက်တမ်းတလျှောက်အမြင့်ဆုံးစျေး $812,855 အထိ မြင့်တက်ခဲ့ပါသေးသည်။
ဝါရင်းဘတ်ဖက်ဟာ လုပ်ငန်းအရည်အသွေးကောင်းသည့် ကုမ္ပဏီတွေကိုဘဲ လက်အောက်ခံ ကုမ္ပဏီ အဖြစ် ရွေးချယ်ခြင်း၊ Dividend တွေကိုလည်း Reinvest ပြန်လုပ်ခြင်း၊ Crisis ဖြစ်သည့် ကာလတွေမှာလည်း တုန်လှုပ်မှု မရှိဘဲ ရေရှည် တိုးရင်းပေါင်းအမြတ်တိုကို စိတ်ရှည်ရှည်ဖြင့် သယ့်ယူတတ်ခြင်းတိုက Berkshire နှင့် အတူ ဝါရင်းဘတ်ဖက်ကိုယ်တိုင်ကိုပါ တိုးတက်ကြီးပွားစေခဲ့တာလည်း ဖြစ်ပါသည်။
1. 1. 2026
#NK-FinancialMarkets (@nangkhamthirioo) on TikTok
#NangKhamThiriOo