
အသက် 92 နှစ်ရှိပြီဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှု ဂုရုကြီး ဝါရင်းဘတ်ဖက်ဟာ လက်ရှိအချိန်ထိ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကိုင်နေဆဲ ဖြစ်သည်။ ဝါရင်းဘတ်ဖက်ရဲ့ ဘဝမှာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 2 အဆင့်အထိ ရောက်ရှိခဲ့ဖူးပြီး လက်ရှိအချိန်မှာ ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် 6 မှာ ရှိနေပါသည်။ သူ့ရဲ့ အသားတင် ချမ်းသာကြွယ်ဝမှု တန်ဖိုးဟာ လက်ရှိ bloomberg billionaire စာရင်းအရ ဒေါ်လာ 104.5 ဘီလီယံ အထိ ရှိနေပါသည်။
ဝါရင်းဘတ်ဖက်ဟာ စာဖတ်ရတာ အလွန်နှစ်သက်သူ ဖြစ်ပြီး အသက်အရွယ် အလွန်အမင်းကြီးရင့်နေပြီ ဖြစ်သည့်တိုင် နေ့စဥ်စာဖတ်ချိန် 6 နာရီကြာ ဖတ်လေ့ရှိကြောင်း သူ၏ အင်တာဗျူးတွေမှာ ပြောလေ့ရှိပါသည်။ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့်လည်း ဝါရင်းဘတ်ဖက်ဟာ Legendary Investor ကြီး ဖြစ်နေတာဟု ဆိုလျှင် မမှားပေ။
မိတ်ဆွေတို့ ဖတ်ရှုလေ့လာသင့်သည့် ဝါရင်းဘတ်ဖက် လမ်းညွှန်ထားသော စာအုပ်များကို စာရေးသူမှ တဆင့် ဖော်ပြပေးလိုက်ပါသည်။
(1) ကမ္ဘာကျော် စာရေးဆရာကြီး Dale Carnegie ရဲ့ ကမ္ဘာကျော် စာအုပ်ကောင်း တအုပ်ဖြစ်သော "How to Win Friends & Influence People" စာအုပ်ကို ဖတ်ရှုခြင်းအားဖြင့် လူမှုဆက်ဆံရေး နှင့် နှုတ်မှုစွမ်းရည် များစွာ တိုးတက်လာစေနိုင်ပါသည်။ လူမှု ဆက်ဆံရေးကောင်းမွန်ခြင်းဟာ ဘဝ အောင်မြင်မှု ရရှိနိုင်ဖို့ 50% အထောက်အကူပေးသည်ဟု ဝါရင်းက ပြောခဲ့ဖူးပါသည်။
(2) ဝါရင်းဘတ်ဖက်ရဲ့ ဆရာဖြစ်သူ Benjamin Graham ရေးသားခဲ့သည့် "Security Analysis" စာအုပ်ကို ဖတ်ရှုလေ့လာ သင့်သည်။ ဘန်းဂျမင်းဂရေဟမ် ဟာ ဝါရင်းဘတ်ဖက်သုံးနေသည့် လက်စွဲတော် ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာဖြစ်သော Value Investing နည်းကို ရှာဖွေတွေ့ရှိခဲ့သော ခေါင်းကိုင်ဖခင်ကြီးလည်း ဖြစ်ပါသည်။ ဝါရင်းက ဤစာအုပ်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ထပ်ခါတလဲလဲ ဖတ်ရှုခဲ့ဖူးသည်။ စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ပညာရပ်ကို စတင်လေ့လာသူများအတွက် နားလည်ရ ခက်ခဲနိုင်သောကြောင့် အတွေ့အကြုံရှိပြီးသားသူများ ဖတ်ရှုပါက ပိုကောင်းပါသည်။
(3) Charles Munger ရဲ့ ဂန္ဓဝင်မြောက် စာအုပ်ကောင်းဖြစ်သော "Poor Charlie's Almanack" ဟူသည့် စာအုပ်ကတော့ ရင်းနှီးမြှုပ်နှံမှု ပညာရပ်များ၊ စိတ်ပညာ နှင့်အတွေးအမြင်များ စသည်တို့ကို ပေါင်းစပ်ထားသော စာအုပ်ဖြစ်ပါသည်။
(4) စာရေးဆရာမကြီး Maggie Mahar ရဲ့ "Bull! - A History of Boom and Busts" စာအုပ်မှာတော့ စျေးကွက်သံသရာ အတက်အကျ သမိုင်းကြောင်းတို့ကို ရေးသားပြုစုထားသည့် အတွက်ကြောင့် ရင်းနှီးမြှုပ်နှံသူတိုင်း သိထားသင့်သည့်၊ နားလည်ထားသင့်သည့် အကြောင်းအရာများ ပါရှိပါသည်။
(5) ဆရာကြီး Benjamin Graham ရဲ့ "The Intelligent Investor" စာအုပ်ကလည်း investor တွေ လုံးဝ လက်မလွှတ်တမ်း ဖတ်ရှုလေ့လာသင့်သည့် စာအုပ်ဖြစ်ပြီး အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု ပညာရပ် စာအုပ်ဟု ဝါရင်းဘတ်ဖက်က ညွှန်းဆိုထားပါသည်။
စာဖတ်သူ မိတ်ဆွေတို့ကရော လက်ရှိအချိန်မှာ ဖတ်ရှုနေတဲ့ စာအုပ်တွေ ရှိရင် comment မှာ မျှဝေပေးသွားဖို့ ဖိတ်ခေါ်အပ်ပါသည်။
17. 3. 2023