တရုတ် Deflation နဲ့ ဒေါ်လာအတက်ကြောင့် တရုတ်စတော့တွေ အကျများနေ 

Chinastock

 
တရုတ်နိုင်ငံ စီးပွားရေး Deflation ဖြစ်မှုကြောင့် တရုတ် စတော့စျေးကွက် အကျဆိုးဝါးစွာ ရှိနေပါသည်။
 
ဂျပန်မှ အပ အာရှ- ပစိဖိတ် နိုင်ငံများရဲ့ စတော့ရှယ်ယာတွေကို စာရင်းသွင်းပြုစုထားသော စတော့ ညွှန်းကိန်း (MSCI's broadest index) က 495.03 အထိ ကျဆင်းခဲ့ပြီး 2022 ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း အနိမ့်ဆုံးအမှတ်ထိ ကျဆင်းခဲ့တာလည်း ဖြစ်ပါသည်။ ၎င်း MSCI စတော့ညွှန်းကိန်းဟာ ယခု သြဂုတ်လထဲမှာတင် အကျနှုန်း -8% အထိ ရှိနေပြီး 2022 စက်တင်ဘလနောက်ပိုင်း အကျအများဆုံး အနေအထားရှိနေတာလည်း ဖြစ်သည်။
 
တရုတ် Blue Chip စတော့များရဲ့ စတော့ညွှန်းကိန်းဖြစ်သော CSI300 ဒီကနေ့မှာ အတက် အနည်းငယ်ပြန်ပြလာပေမယ့် တပတ်တာ အကျနှုန်း -3.6% အကျလမ်းကြောင်းမှာပဲ ရှိနေပါသည်။
 
အမေရိကန် ဒေါ်လာ အတက်ရှိနေတာကလည်း တရုတ် စတော့စျေးကွက်အတွက် ဖိအားပိုရှိစေပါသည်။ ဒေါ်လာညွှန်းကိန်း က 2 လအတွင်း အမြင့်ဆုံး Level 103.47 အထိ ရောက်ထားသည်။ မနေ့ညက Fed ဗဟိုဘဏ်ရဲ့ ဇူလိုင်အစည်းအဝေး မှတ်တမ်း (Minutes) ထုတ်ပြန်ခဲ့ရာမှာ ဗဟိုဘဏ်အရာရှိအများစုက More Hawkish ဆိုခဲ့ကြတာ တွေ့ရှိရပါသည်။
 
လာမယ့် စက်တင်ဘာလ Fed ဗဟိုဘဏ်အစည်းအဝေးမှာ လက်ရှိ အတိုးနှုန်းကို မပြောင်းလဲဘဲ ထားနိုင်ခြေ 86% အထိ ရှိနေပြီး နိုဝင်ဘာလ အစည်းအဝေးမှာတော့ အတိုးနှုန်း 0.25% တိုးနိုင်ခြေ 36% အထိ ရှိနေပါသည်။ ၎င်းအချက်က ဒေါ်လာကို အတက်အားကောင်းနေ စေတာလည်း ဖြစ်ပါသည်။
 
17. 8. 2023
Photo - google
Category: