Apple ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ် (Q2) ကာလထဲမှာတင် ဝင်ငွေ (Revenue) တန်ဖိုး ဒေါ်လာ 82 ဘီလီယံ အထိ ရရှိခဲ့ပါသည်။
နာရီပိုင်း အလိုက်ကြည့်ရင် တနာရီတိုင်းမှာ ဝင်ငွေ ဒေါ်လာ 38 သန်း ဝန်းကျင် ရှိနေတာလည်း ဖြစ်သည်။ စက္ကန့်ပိုင်းနဲ့ ကြည့်ရင် တစက္ကန့်တိုင်းမှာ ဒေါ်လာ 10,500 အထိ ရှိနေတာလည်း ဖြစ်ပါသည်။
Apple စတော့ဟာ ဒီနှစ် နှစ်စကနေ လက်ရှိအချိန်ထိ +45.5% အတက်ရှိထားပြီး ကုမ္ပဏီ စျေးကွက်အရင်းပြုတန်ဖိုးကလည်း ဒီနှစ်ထဲမှာ ဒေါ်လာ 1.08 ထရီလီယံ အထိ မြင့်တက်ထားခဲ့ပြီ ဖြစ်သည်။
Apple ကုမ္ပဏီရဲ့ စျေးကွက်အရင်းပြုတန်ဖိုးတွေကို 1980 မှ 2023 အထိ ပြန်ကြည့်ပါက
1980 ခုနှစ်တုန်းက စျေးကွက် အရင်းပြုတန်ဖိုး ဒေါ်လာ 1 ဘီလီယံ
1990 ခုနှစ်မှာ ဒေါ်လာ 5 ဘီလီယံ
2000 ခုနှစ်မှာ ဒေါ်လာ 15 ဘီလီယံ
2007 ခုနှစ်မှာ ဒေါ်လာ 100 ဘီလီယံ
2010 ခုနှစ်မှာ ဒေါ်လာ 200 ဘီလီယံ
2012 ခုနှစ်မှာ ဒေါ်လာ 600 ဘီလီယံ
2017 ခုနှစ်မှာ ဒေါ်လာ 900 ဘီလီယံ
2018 ခုနှစ်မှာ ဒေါ်လာ 1 ထရီလီယံ တန်းကို ပထမဆုံး ရောက်ရှိခဲ့ပြီး
2020 ခုနှစ်မှာ ဒေါ်လာ 2 ထရီလီယံ
ယခု 2023 ခုနှစ်မှာ ဒေါ်လာ 3 ထရီလီယံ အထိ ရှိလာခဲ့ပါသည်။
Apple ကုမ္ပဏီဟာ စျေးကွက်အရင်းပြုတန်ဖိုးအားဖြင့် ကြည့်လျှင် ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီလည်း ဖြစ်ပါသည်။
5. 8. 2023