ဝါရင်းဘတ်ဖက်ဟာ ကိုကာကိုလာ စတော့ကနေ အမြတ်ဝေစု တမိနစ်ကို ဒေါ်လာ ထောင်ကျော် ရပါသည် 

 

WarrenCOCA

 
ဝါရင်းဘတ်ဖက်က Coca Cola စတော့ကို 1998 ခုနှစ်ကတည်းက စတင် ရင်းနှီးမြှုပ်နှံမှု လုပ်လာခဲ့တာ ဖြစ်ပါသည်။ လက်ရှိ ဝါရင်းဘတ်ဖက်ရဲ့ Berkshire Hathaway ပေါ်ဖိုလီယိုထဲမှာ Coca Cola (KO) စတော့ဟာ 6.4% ခန့် နေရာယူထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ 23.9 ဘီလီယံ ဖိုး လက်ဝယ်ထား ရှိတာလည်း ဖြစ်သည်။
 
Coca Cola စတော့မှ ဝါရင်းဘတ်ဖက် ရရှိနေတဲ့ အမြတ်ဝေစုတန်ဖိုးဟာ တနှစ်လျှင် ဒေါ်လာ 704 သန်း ခန့် ရှိနေ ပါသည်။
 
လအလိုက်ကြည့်ရင် တလလျှင် ဒေါ်လာ 58,600,000 (56.6 သန်း) ခန့်
 
တနေ့တာ အတွက်ကြည့်ပါက တရက်လျှင် ဒေါ်လာ 2,010,000 (2 သန်း) ခန့်
 
နာရီပိုင်းအတွက် ကြည့်လျှင် တနာရီကို ဒေါ်လာ 87,000 ခန့် ၊ နှင့်
 
တမိနစ်စာဆိုလျှင် ဒေါ်လာ 1,455 ခန့် ရရှိနေတာဖြစ်ပြီး တစက္ကန့်စာ ကို 24.25 ဒေါ်လာခန့် ရရှိနေတာလည်း ဖြစ်ပါသည်။
 
14. 7. 2023
Category: