Trader တိုင်းသိထားသင့်သည့် Trend Forecasting နှင့် ပက်သက်သော အခြေခံ(5)ချက်

Written by admin1

TrendFading

 
     Beginner Trader များအတွက်ရည်ရွယ်၍ စျေးလားရာ Trend ကို ခန့်မှန်းသုံးသပ်ခြင်း အခြေခံ (5) ချက်ကို မျှဝေပေးလိုပါသည်။
(1) All trends are NOT created equal.
     Chart ဇယားတွေမှာ ပါတဲ့ Time Frame တစ်ခုချင်းစီရဲ့ Price trends တွေဟာ တစ်ချိန်ထဲမှာ တစ်ခုနဲ့ တစ်ခု ထပ်တူ မကျနိုင်ပါဘူး ။
     Trend ကို အမျိုးအစားခွဲမည် ဆိုလျှင်
     1) Primary trend ( Long term )
     2) Intermediate , နှင့်
     3) Short term trend ဟူ၍ 3 မျိုးရှိပါသည်။
အဆိုပါ Trend တွေသည် Marketထဲက Time Frame တွေတိုင်းမှာ တစ်ပြိုင်နက်ထဲ ထပ်တူကျဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဥပမာ- W1 chart တွင် Long term အနေနှင့် Uptrend ပြနေပေမယ့်လို့ D1, H4 စသည်တို့မှာ Intermediate နဲ့ Short term အနေဖြင့် Downtrend ပြနေတတ်ပါသည်။ Time Frame ငယ်လေ လတ်တလော စျေးကွက်တွင်းရိုက်ခတ်မှု အလျင်အမြန်သက်ရောက်မှု ရှိသည့် အတွက်ကြောင့် Trend အပြောင်းအလဲမြန်ပြီး Risk ပိုများတတ်ပါသည်။
 
များသောအားဖြင့် Beginner တွေသည် နှစ်သက်ရာ Time Frame တစ်ခုတည်းကိုသာ စွဲမြဲကြည့်ရှူတတ်ပြီး တကယ့်တကယ် ပိုပြီး ပါဝါအားကြီးသော Primary trendတွေကိုတော့ သတိမပြုမိဖြစ်တတ်ပါသည်။ တချို့တွင်တော့ Primary trend တွေကို ဂရုတစိုက်ရှိသော်လည်း Short term time frame တွေရဲ့ အပြောင်းအလဲတွေကို မကြည့်တော့ပဲ Entry အဝင်တွေ မှားဝင်တတ်ကြပါသည်။ ယေဘုယျအားဖြင့် Longer time frame ကသာလျှင် ပိုပြီးယုံကြည်စိတ်ချရတဲ့ Signals များကို ညွှန်ပြနိုင်ခြင်းဖြစ်သည်။ Trader များအနေနှင့် မိမိတို့အားသန်ရာ Long term ဖြစ်စေ Short term time frame ဖြစ်စေ သုံးသော်ငှားလည်း Entry မဝင်ခင်တွင် အားလုံးကိုခြုံငုံ သုံးသပ်ပြီး Confirmation ဖြစ်အောင် စောင့်ကြည့်ဖို့ရန်အလွန်အရေးကြီှးပါသည်။
 
"Trend ဟာ ကားနဲ့တူပါတယ် တောင်တက်လမ်းတက်တော့မည်ဆိုပါစို့ ကျွန်တော်တို့လက်ရှိမောင်းနေတဲ့အရှိန်နဲ့ ချိန်ကိုက်ပြီး ဂီယာနံပါတ်ဘယ်လောက်ပြောင်းရင် အဆင်ပြေနိုင်မလဲဆိုတာ ဆုံးဖြတ်ပြီး မောင်းသလိုပါပဲ"ဟု Market Analyst တစ်ဦးဖြစ်တဲ့ ဆရာကြီး Greg Firman က ဥပမာပေးရှင်းပြခဲ့ခြင်းဖြစ်သည်။
 
(2) Two main types of Trend Trading Strategy .
     1) Trend following strategy နှင့်
     2) Trend fading strategy ဟူ၍ trend ကို အခြေခံပြီး အရောင်းအဝယ်လုပ်သည့် နည်းလမ်း 2 နည်းရှိပါသည်။ Trend following strategy သည် လက်ရှိ Market trend သွားနေသည့် အတိုင်းလိုက်၍ Entry ဝင်ခြင်းဖြစ်သည်။ လက်ရှိ Bull market အတွင်း Uptrend သွားနေစဉ် အမြင့်စျေးပိုင်းမှာပင် Buy ယူပြီး ပိုမြင့်သည့်စျေးတန်းအရောက်တွင် Close order ပိတ်ခြင်းဖြစ်သည်။ Bear market တွင်လည်း ထိုနည်းတူပင် အနိမ့်စျေးသို့ ကျဆင်းနေစဉ် Sell ယူပြီး ပိုနိမ့်သွားသည့်စျေးတန်းတွင် Close လုပ်သည်။ (Higher Highs, Lower Lows တွင် အရောင်းအဝယ်လုပ်ခြင်းဖြစ်သည်။)
 
ဆရာကြီး Firman လေ့လာတွေ့ရှိချက်အရ Time frame တစ်ခုချင်းစီအတွင်းမှာ Market trend ရဲ့ သက်ရောက်မှု ဟာ 20% လောက်သာရှိသည်။ ထို့ကြောင့် Trend following strategy သည် အမြဲတမ်း အသုံးချဖို့ရန် အဆင်မပြေနိုင်ပါ။ ( Entry ဝင်သည့် အချိန်တွင် trend 20% ထက်ပို၍ အပြည့်အဝ သက်ရောက်ပြီး ဖြစ်နေလျှင် အမြင့်ဆုံးစျေးတွင် Buy ယူမိပြီး အနိမ့်ဆုံးစျေးတွင် Sell ယူမိခြင်းတို့ဖြစ်နိုင်သည်။)
 
Trend fading strategy ကတော့ စျေးကွက်တွင်း Sideway (or) Choppy market ဖြစ်ပေါ်နေချိန်မှာ သုံးပါသည်။ Trend following နှင့် ပြောင်းပြန်ဖြစ်ပြီ်း Buy Low & Sell High ယူခြင်းဖြစ်သည်။
 
(3) Every trader needs Trend Trading Tools.
     Trend တွေကို ချဉ်းကပ်ပြီး Trade ဖို့ရန်အတွက် အသုံးအများဆုံး tools တွေကတော့ Moving averages (MAs) tools တွေပဲဖြစ်ပါသည်။ Long term အနေနဲ့ရော Short term အနေနဲ့ပါ နှစ်သက်ရာ Days(or) Weeks number ရွေးပြီး သုံးနိုင်သည်။ သို့ပေမယ့် Shorter MAs တွေကတော့ Longer MAs တွေ ထက်ရှုပ်ထွေးတဲ့ Signals များပြလေ့ရှိပါသည်။ MAs ကိုတစ်ခု တည်းသုံးလို့ရသလို 2 ခု 3 ခု ထက်ပိုပြီး သုံးလို့လည်းရပါသည်။ Trader များ အသုံးများသည့် ပုံစံကတော့ Longer MAs 1ခုနှင့် Shorter MAs 1ခု 2ခု စသဖြင့် ယှဉ်တွဲ၍ Golden cross, Death cross signal အဖြစ်သုံးကြသည်။
 
(4) Where Market trends can end ?
     Trend တစ်ခု ဘယ်နေရာမှာ လားရာပြောင်းမလဲ ဆိုတာကို အခိုင်အမာပြပေးနိုင်တဲ့ နေရာတွေကတော့ Key Resistance, Key Support Level တွေဖြစ်ပါသည်။ Level ကိုတော့ သိပါပြီ ဘယ်လို အဆုံးသတ်မှာလဲ ? Market momentum ပေါ်မူတည်ပြီး Key R/S Level ကို Breakout , Continuation (or) Trend reversal ဖြစ်မဖြစ်စောင့်ကြည့်ရမည်ဖြစ်ပြီး Entry ဝင်သင့်လျှင် ဝင်ပြီ်း Position ရှိပြီးသားဖြစ်နေပါက ထွက်သင့်လျှင် ထွက်ရတော့မည့် Level တစ်ခုဖြစ်သည်။ အခြေခံအားဖြင့်တော့ အဆိုပါLevel များတွင် Trend တစ်ခု လားရာပြောင်းနိုင်သည် အဆုံးသတ်နိုင်သည်ဟု မှတ်ယူထားနိုင်ပါသည်။
 
(5) Artificial Intelligence can improve your success.
     Technical Indicator တွေ အများကြီးရှိပေမယ့် MAs လိုမျိုး Trend ပြသပေးနိုင်တဲ့ Tools ကသာ Short term price fluctuation တွေကို ရှင်းရှင်းလင်းလင်းနဲ့ နားလည်ရလွယ်ကူအောင်ပြသပေးနိုင်သည်။
 
ဒါပေမယ့် အရင်ဖြစ်ပေါ်ခဲ့ပြီးသော Closing price တွေပေါ်မှာအခြေခံပြီး ပျှမ်းမျှဖြစ်နိုင်ခြေစျေးတန်းကို တွက်ချက်ထားသော Lagging indicator ဖြစ်လို့ လက်တလောဖြစ်ပေါ်နေတဲ့ price တွေအတွက် respond ပေးတာနောက်ကျ ခြင်းဖြစ်ပါသည်။ ဒါ့ကြောင့်တစ်ခါတစ်ရံ Market price ကသွားသင့်သလောက်သွားနေပြီးချိန်တွင် Cross ဖြစ်တာနောက်ကျတာမျိုးကြုံ ရတာဖြစ်သည်။
 
စျေးကွက်ရဲ့ အရှိန်ဟာ Buyer နဲ့Seller တို့ အားပြိုင်မှုပေါ်မှာ မူတည်နေခြင်းပင်ဖြစ်သည်။ Resistance , Support Level တွေမှာ Breakout ဖြစ်မလား စျေးတန့်သွားမလား Buyer (or) Seller အမြတ်ပိုင်းထုတ်လိုက်လို့ Trend reversal ပြန်လာမလားဆိုသည့် အချက်တွေသည် မည်သူမှ အချိန်နှင့်တပြေးညီ သိရှိနိုင်မည်မဟုတ်ပါ။
 
ဒါကြောင့် Indicator , Strategy တို့ကို တရားသေသတ်မှတ်ထားလို့မရပါဘူး။ ၄င်းတို့သည် Trading လုပ်နေစဉ် လားရာမည်သည့်ဘက်အားသန်သည် ဘယ်စျေးတန်းလောက်ထိသွားနိုင်ချေရှိသည် ဘယ်Level လောက်မှာ Trend ပြောင်းနိုင်သည် စသည်ဖြင့် အခွင့်အလမ်းကိုRisk များသလား နည်းသလား ပြပေးနိုင်ရုံ သာဖြစ်သည်။ မိမိတို့အနေနှင့် Trendကို ခန့်မှန်းသုံးသပ်ရာမှာ မည်သည့် Indicator သုံးသည်ဖြစ်စေ Strategy သုံးသည်ဖြစ်စေ အားလုံးကို ခြုံငုံသုံးသပ်ပြီး ချဉ်းကပ်ရမည်ဖြစ်ပါသည်။
 
ဖော်ပြပါ အကြောင်းအရာများသည် Forex, Gold Trading တို့တွင်သာမက အခြားသော Stocks, Commodities များနှင့် ETFs တို့တွင်ပါ လက်တွေ့အသုံးချနေသော အခြေခံသဘောတရားများဖြစ်ပါသည်။
 
2017 တုန်းက article ကို ပြန်တင်ခြင်းဖြစ်သည်။
Category: