
"The trend is your friend" ဆိုတဲ့ ဆိုရိုးစကားလေးက Trading လောကထဲမှာ ရေပန်းစားပြီး အရောင်းအဝယ်တွေကို စျေးနှုန်းရဲ့ တိမ်းညွတ်ချက်လားရာ အတိုင်း လိုက်ပါ Trade လုပ်နိုင်မှုကို ညွှန်းဆိုတဲ့ စကားဖြစ်ပါတယ်။
ဘယ် စျေးကွက်ထဲမှာ မဆို စျေးနှုန်းတွေရဲ့ တိမ်းညွတ်ချက်လားရာဟာ အဓိက အားဖြင့် (3) မျိုးပဲ ရှိပါတယ်။ အတက်စျေးနှုန်းလားရာ (Bullish) ၊ အကျစျေးနှုန်းလားရာ (Bearish) နှင့် စျေးတန်းဘောင် အကွာအဝေး တခုကြားထဲမှာ အတက်အကျအကန့်အသတ်နဲ့သာ ရှိ နေတဲ့ Sideway လားရာ တို့ပဲ ဖြစ်ပါတယ်။
စျေးကွက်ထဲမှာ အရောင်းအဝယ်လုပ်သူ (Trader) တယောက်အတွက် ဒီ Trend တွေကို ကွင်းကွင်းကွက်ကွက် သုံးသပ်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်။ Bullish Trend ကြီးဖြစ်ပေါ်နေတဲ့အချိန် မှာ Short position ယူမိတာ (သို့မဟုတ်) Bearish Trend ကြီးဖြစ်ပေါ်နေစဥ်မှာ Long position ယူမိတာမျိုး ဆိုရင် ဆုံးရှုံးမှုတွေ များစွာ ကြုံတွေ့ရတော့တာပါပဲ။
Sideway လားရာ ဖြစ်ပေါ်နေချိန်မှာ Buy Low, Sell High လုပ်ရမယ့် အစား Sell Low, Buy High ခနခန မှား လုပ်မိရင် ကိုယ့်အကောင့်ထဲကငွေတွေ ပြောင်သွားနိုင်ပါတယ်။
Trader တယောက်အဖြစ် ရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် Trend လားရာ နဲ့ ဆန့်ကျင်လို့ မရပါဘူး။ Trend လားရာ ဘယ်ကို သွားမလဲဆိုတာ ချဥ်းကပ်နိုင်ဖို့ လိုအပ်ပြီး Trend လားရာနဲ့ လားရာတူ Trade position မျိုးကို ယူနိုင်မှ Profitable trader အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
Trend နဲ့ ရင်းနှီးအောင် လုပ်မှ ၊ ရေရှည်မှာ Trend နဲ့ တူယှဉ်တွဲ အမြတ်ဖန်တီးနိုင်မှာ ဖြစ်တယ်။ ရင်းနှီးအောင် လုပ်ဖို့က မခက်ခဲပါဘူး။ Trend လားရာကို ညွှန်ပြပေးနိုင်မယ့် Strategy တွေကို ထပ်ခါထပ်ခါ လေ့ကျင့်ပြီး လေ့ကျင့်မှု ကာလကြာလေလေ Trend နဲ့ ရင်းနှီးလာလေလေ၊ Trend နဲ့ ဆန့်ကျင်ဘက် မ trade မိအောင် သတိထားနိုင်လာလေလေပဲ ဖြစ်ပါတယ်။
Practice Daily
Practice Daily
Practice Daily
22. 8. 2023