ရင်းနှီးမြုပ်နှံသူများ သတိပြုရသည့် ဂျပန်ယန်းငွေ 

Written by admin1

JPY

 
ရင်းနှီးမြုပ်နှံသူ Investor များသည် ကမ္ဘာတစ်ဝန်းစီးပွားရေး ပထဝီနိုင်ငံရေးတို့ မငြိမ်မသက်ဖြစ်နေချိန်တွင် ရွှေကဲ့သို့အဖိုးတန်ရတနာများ နှင့် ခိုင်မာသော ငွေကြေးတို့ကို စုဆောင်းရင်းနှီးမြုပ်နှံမှု ပြု ုကြသည်။
 
အဘယ့်ကြောင့် ဂျပန်ယန်း ကို စုဆောင်းကြသနည်း?
 
Fx Market ဟုခေါ်ကြသော Foreign Exchange Market ကြီးသည် ၄င်းစျေးကွက်နှင့် ပက်သက်သော အသိပညာဗဟုသုတများ မရှိသေးဘဲ ပြင်ဆင်မှု မရှိ ဝင်ရောက်လုပ်ကိုင်၍ မရသော စျေးကွက်ကြီးဖြစ်သည်။
 
အဓိက အရောင်းအဝယ်ပြု ကြသော Major Currency များကို သိထားရမည်ဖြစ်သည်။၄င်းတို့မှာ USD, EUR, GBP, AUD, NZD, JPY, CHF, CAD စသည့် Major Currency တို့က စျေးကွက်၏ 80% လောက်ကို နေရာယူထားသည်။ ထို အဓိကငွေကြေးများ၏ တန်ဖိုးအတက်အကျကို လက်ရှိတွင်ထိုငွေကြေးကို သုံးစွဲနေသော နိုင်ငံ၏ လတ်တလောဖြစ်ပေါ်နေသည့် စီးပွားရေး နိုင်ငံရေး အခြေနေများကို သုံးသပ်ကြည့်ခြင်းအားဖြင့်သိရှိနိုင်ပါသည်။
 
International Trading နှင့် Fx Trading တို့တွင် ထိပ်တန်းအရောင်းအဝယ်အများဆုံးငွေကြေးများထဲတွင် JPY ဂျပန်ယန်းသည်လည်း ဦးဆောင်နေပါသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေ့တန်းရောက်နေသော စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လေရာ တိုင်းပြည်၏ GDP မြင့်မားသည်။ Fx Market တွင်းမှ ငွေကြေးအားလုံးသည် သက်ဆိုင်ရာ နိုင်ငံများမှ ဗဟိုဘဏ်များ၏ ထိန်းချုပ်မှု အောက်တွင်ရှိသည်။ ထို့ကြောင့် အခြားတိုးတက်ပြီးနိုင်ငံများကဲ့သို့ပင် ဂျပန်ယန်းငွေဖောင်းပွမှု တည်ငြိမ်မှု တို့ကို BOJ ( Bank Of Japan)က ထိန်းချုပ်မှုတွေ လုပ်ဆောင်ပါသည်။
 
ယန်းနောက်ကွယ်မှ ဂျပန်စီးပွားရေးအခြေအနေများ
ဂျပန်နိုင်ငံ၏ စီးပွားရေးတွင် အချို့သောစီးပွားရေး ဘဏ္ဍာရေးမူဝါဒများမှာ တစ်မူထူးခြားပြီး သီးသန့်သဘောမျိုးဆောင်နေခြင်းများရှိသည်။ ပထမအချက်အနေဖြင့် ဂျပန်နိုင်ငံတွင် 1986 မှ 1991 ခုနှစ်အတွင်းတွင် အိမ်ရာပူဖောင်းပေါက်ကွဲခြင်းနှင့် စတော့စျေးကွက်ဖောင်းပွခြင်းများဖြစ်ခြင်းကြောင့် နိုင်ငံတွင်းစီးပွားရေးကမောက်ကမ ဖြစ်ခဲ့ ရသည်။ 1990 တွင် BOJ မှ ဘဏ္ဍာရေးမူဝါဒတင်းကြပ်ပြောင်းလဲမှု 5ကြိမ်ပြုလုပ်ခဲ့ဲပြီး Nikkei Stock Index ညွှန်းကိန်း ထိုးကျခဲ့သည်။ ထိုအချိန်ကာလတွင် ဂျပန်နိုင်ငံကို အခြားတိုးတက်ပြီးနိုင်ငံများက 'Lost Decade' အမှောင်ဖုံးသောကာလများဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော်လည်း 2001 မှ 2011 ခုနှစ်အတွင်းမှာ စီးပွားရေးတိုးတက်မှု နှုန်း 2% ပိုလျှံ ခဲ့သည်။ ထို့နောက် ဂျပန်ယန်းငွေသည်လည်း ဆယ်စုနှစ်တစ်စုစာကာလ ပတ်လုံး Deflation ဖြစ်နေခဲ့ရာ BOJ မှ Interest Rate ကို တဖြေးဖြေးချင်း လျှော့ချခဲ့ကြသည်။
 
ဒုတိယအချက်မှာ ဂျပန်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး အဓိကစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး လူဦးရေမွေးဖွားမှုနှုန်းအနိမ့်ဆုံးနိုင်ငံလည်းဖြစ်သည်။ လုပ်ငန်းခွင်နှင့် လုပ်သားအင်အားမမျှအောင် လုပ်ကိုင်နေရသောကြောင့် အလုပ်ချိန်အလွန်များကြသည်။ လူကြီးလူငယ်မရွေးလုပ်ငန်းခွင်နှင့်သာ အချိန်ကုန်နေပြီး Personal Consumption သုံးစွဲအားနည်းပါးသည်။ ထို့အပြင် လူဦးရေစာရင်းအရပြောင်းရွေ့နေထိုင်သော လူဦးရေနည်းပါးပြီး အခွန်အခရရှိမှု လည်း နည်းပါးပါသည်။
 
နောက်ဆုံးအချက်မှာ ဂျပန်နိုင်ငံတွင်း ပညာတတ်လုပ်သားဦးရေအလွန်များပြားပြီး အီလက်ထရွန်းနစ်ပစ္စည်းများ အော်တိုအစိတ်အပိုင်းပစ္စည်းများ နှင့် နည်းပညာပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများဖြင့် ဦးဆောင်နေပါသည်။ တရုတ်နှင့် တောင်ကိုရီးယားမှာကဲ့သို့ စက်မှုလုပ်ငန်းကြီးများနှင့် သဘောင်္ကျင်းလုပ်ငန်းများလည်း တွင်ကျယ်စွာ လုပ်ဆောင်နေသည်။ ဂျပန်နိုင်ငံသည် ထိုမျှ စီးပွားရေးအင်အား လုပ်သားအင်အားကောင်းသော်လည်း ယနေ့ခေတ်အခါမှာ ကမ္ဘာတစ်ဝန်းက ဂျပန်ကိုကျော်ပြီး တရုတ်ကိုသာ မှီခိုမှု မြင့်မားလာခဲ့သည်။ ထို့ကြောင့် ဂျပန်သည် မိမိနိုင်ငံစီးပွားရေးတိုးတက်ဖို့ရန် နိုင်ငံခြားသို့ တင်ပို့ကုန်တွေကို တစ်ဖက်နိုင်ငံများမှ ဝယ်ယူလိုအားကောင်းမွန်စေရန် ယန်းငွေတန်ဖိုးကို လျှော့ချထားခဲ့ရသည်။များသောအားဖြင့် ဂျပန်ယန်းငွေ တန်ဖိုးသည် နှစ်အတော်ကြာ တန်ဖိုးမြင့်နေခဲ့သောကြောင့် BOJ မှ အတိုးနုန်းကို အကြိမ်ကြိမ်လျှော့ချခဲ့ရသည်။ ယန်းငွေတန်ဖိုးကျစေရန် တစ်ဆင့်ပြီး တစ်ဆင့်လျှော့ချခဲ့ရာမှ Zero အတိုးနှုန်းအောက်ရောက်လာခဲ့သည်။
 
ယန်းကိုမောင်းနှင်နေသော အချက်များ
နိုင်ငံခြားငွေလဲလှယ်နုန်းကို တိုင်းတာသော သီအိုရီများ အများအပြားရှိသည့်အနက် အဓိကတိုင်းသည့် စံပေတံံများမှာ Purchasing Power Parity, Interest Rate Parity နှင့် Balance of Payments Models တို့ဖြစ်သည်။ မှန်ကန်သော Exchange Rate ဖြစ်ဖို့ အတိုးနုန်းပေါ်မူတည်ပြီး ပြောင်းလဲကြသည်။
ဒါပေမယ့် လက်တွေ့မှာတော့ တကယ့်လဲလှယ်နုန်းကို ပြောင်းလဲစေနိုင်တာက Supply နှင့် Demand တို့ပေါ် အခြေခံသော Market Psychology အချက်အလက်များစွားပါဝင်နေပါသည်။
 
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို တိုင်းတာသည့် အဓိကအချက်အလက်များဖြစ်သော GDP, Retail Sales , Industrial Production , Inflation , Trade Balance တို့ကို မျက်ခြေမပျက် သိရှိထားသင့်ပေသည်။ ထို အချက်လက်များသည် ပုံမှန်ထွက်ရှိပြီး Wall Street Journal , Bloomberg သတင်းဌာနတို့မှ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးပါသည်။ ထို့အပြင် ဗဟိုဘဏ်များ၏ အတိုးနှုန်းပြောင်းလဲသတ်မှတ်မှု , အစည်းအဝေးများ , ဘဏ္ဍာရေးမူဝါဒပြောင်းလဲချမှတ်မှုများ , နေ့စဉ်နိုင်ငံရေး စီးပွားရေးသတင်းများ , သဘာဝဘေးများ , ရွေးကောက်ပွဲအခြေအနေများနှင့် အစိုးရ၏ ပေါ်လစီအသစ်ပြု ုပြင်ပြောင်းလဲမှုများ စသည်တို့ကလည်း ငွေလဲလှယ်မှု နုန်းထားအပေါ် များစွာ သက်ရောက်နိုင်ပါသည်။
ဂျပန်နိုင်ငံတွင် 3 လပတ်တစ်ကြိမ်ထုတ်ပြန်သော Tankan Survey ဟု ခေါ်သည့် အလွန်အရေးကြီးသော စစ်တမ်းရှိသေးသည်။ ဂျပန်နိုင်ငံမှ စတော့ရှယ်ရာများနှင့် ယန်းငွေကြေးတို့၏ တန်ဖိုးကို အတက်အကျ လှုပ်ခတ်စေနိုင်သည့် အတွက်အရေးကြီးသော စစ်တမ်းဖြစ်သည်။
 
Safe Haven Asset တစ်ခုဖြစ်သော ယန်း
2008 ခုနှစ် ကမ္ဘာတစ်ဝန်းစီးပွားပျက်ကပ်ဖြစ်နေစဉ်အတွင်းနှင့် ဖြစ်ပြီးနောက်ပိုင်းတွင် ယန်းငွေ 20% တက်ခဲ့သည်။ 2013 တွင်လည်း အီတလီရွေးကောက်ပွဲ မရေရာ မသေချာမှု များကြောင့် ယူရိုငွေနှင့် ယှဉ်တွဲသည့် EURJPY 5% , အမေရိကန်ဒေါ်လာနှင့် ယှဉ်တွဲသည့် USDJPY 4% အတက်ဖြင့် တစ်ရက်တာအတွင်း စျေးတက်ခဲ့သည်။ 2011 ဂျပန်ငလျင်ဘေး ကျရောက်စဉ်မှာတောင် စတော့များစျေးကျပြီး ယန်းငွေမြင့်တက်ခဲ့သည်။
 
ဂရုပြု စရာအချက်များစွာ ရှိသည့်ထဲကမှ Carry Trade လုပ်ကြခြင်းဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများသည် ဘဏ်တိုးနုန်းသက်သာသည့်နိုင်ငံများမှ ရင်းနှီးငွေ ချေးယူပြီးနောက် အတိုးနုန်းမြင့်မားပြီး Yield Asset ပြန်ရနုန်းများသည့် နိုင်ငံများတွင် ပြန်လည်ရင်းနှီးမြုပ်နှံကြခြင်းဖြစ်သည်။
 
ဂျပန် နိုင်ငံသည် စီးပွားရေးအင်အားကောင်းနိုင်ငံဖြစ်သော်လည်း တိုင်းပြည်လူထု ကြွေးမြီများသော နိုင်ငံလည်းဖြစ်သည်။
 
အဘယ်ကြောင့်ငွေကြေးဖောင်းပွသော နိုင်ငံကို ရင်းနှီးမြုပ်နှံသူတို့ နှစ်သက်ကြသနည်း?
 
ဂျပန်သည် Public Debt များသောနိုင်ငံလည်းဖြစ်သလို ကုန်သွယ်ရေးပိုငွေ များသော နိုင်ငံလည်းဖြစ်ပါသည်။ 2015 နှစ်ကုန် စစ်တမ်းအရ နိုင်ငံခြားဝင်ငွေ 339 trillion yen ရှိသည်ဟု ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ Export ကောင်းစေရန် ယန်းငွေဖောင်းပွမှု ဖြစ်စေအောင် BOJ မှ ဘဏ်တိုးနုန်းကို လျှော့ချထားလေသည်။ 1972 မှ 2017 ခုနှစ်အတွင်း BOJ ၏ ပျမ်းမျှ အတိုးနုန်း 2.88% သာရှိခဲ့သည်။ သမိုင်းတစ်လျှောက် အမြင့်ဆုံးမှာ 1973 ခုနှစ် ဒီဇင်ဘာတွင် +9% , အနိမ့်ဆုံးမှာ 2016 ဇန်နဝါရီတွင် -0.10% ထားရှိခဲ့ပြီး ယခုလက်ရှိအတိုးနုန်းမှာ 2017 ဂျူ လိုင်အစည်းဝေးတွင် -0.1% ထားရှိခဲ့သည်။ တရုတ်ယွမ်တန်ဖိုးကျခြင်းသည် ဂျပန်ယန်းအပေါ် Risk ဖြစ်စေသောကြောင့် BOJ က အတတ်နိုင်ဆုံး ယန်းငွေဖောင်းပွစေရန်ထိန်းထားသည်။
 
ငွေဖောင်းပွခြင်း၏ ကောင်းကျိုးမှာ ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်စေသည်။ ထိ့ုကြောင့် ကမ္ဘာတစ်ဝန်း ရင်းနှီးမြုပ်နှံသူများ နှစ်သက်သည့် ယန်းငွေကို BOJ ကသာ ရုတ်တရတ် အတိုးနုန်းတိုးပစ်လိုက်လျှင် တစ်ကမ္ဘာလုံးမှ ငွေကြေးများအားလုံးဂယက်ရိုက်သွားနိုင်ပါသည်။
 
နန်းခမ်းသီရိဦး
15.9.2017
 
6 years ago တုန်းက ဆောင်းပါးဖြစ်သည်။
Category: