
လက်ရှိ ယွမ် ငွေတန်ဖိုး ကျဆင်းနေမှုကို ထိန်းရန် တရုတ် ဗဟိုဘဏ် PBOC က Forex Risk Reserve နှုန်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဒီကနေ့ တနင်္လာနေ့ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။
လာမည့် စက်တင်ဘာလ 28 ရက်နေကနေစပြီး Foreign Exchange Risk Reserve နှုန်းကို 0% ကနေ 20% အထိ မြှင့်သွားမည်လည်းဖြစ်သည်။
၎င်း ကြေညာချက်ထွက်ခဲ့ပြီးနောက်မှာတေ ာင် ဒီကနေ့မှာ ယွမ်ငွေတန်ဖိုးဟာ 28 လ အတွင်း အနိမ့်ဆုံး အထိကျဆင်းနေပြီး 1 ဒေါ်လာကို 7.17 ယွမ်အထိ ရောက်ထားပြီးလည်းဖြစ်ပါသည်။ ၎င်းစျေးဟာ 2020 ခုနှစ် ဧပြီလနောက်ပိုင်း မရှိခဲ့ဖူးသော စျေးတန်းလည်း ဖြစ်သည်။
တရုတ်ဗဟိုဘဏ်က FX risk reserve ratio ကို အပြောင်းအလဲလုပ်ပြီး ယွမ်တန်ဖိုးကို ထိန်းညှိတာတွေ မကြာခဏ ဆိုသလို၊ လုပ်ခဲ့ဖူးပါသည်။ 2020 ခုနှစ် အောက်တိုဘာလ တုန်းကဆိုရင် FX risk reserve ratio ကိုပြင်ခဲ့ပြီးတဲ့ နောက် ယွမ်တန်ဖိုး ရုတ်တရက် အတက်ဘက် ထိုးတက်ခဲ့ဖူးသည်။
တရုတ်ယွမ်ဟာ ဒေါ်လာနှင့် ယှဉ်ရာ၌ ဒီနှစ်ထဲမှာ အကျနှုန်း စုစုပေါင်း -12.8% ကျော်အထိ ကျထားပြီးလည်း ဖြစ်ပါသည်။ ၎င်းအကျနှုန်းဟာ 1994 ခုနှစ်နောက်ပိုင်း အကျအများဆုံးနှစ်အဖြစ်လည်း ရှိနေပြီ ဖြစ်ပါသည်။
ဒေါ်လာကတော့ ဒီနှစ်ထဲမှာ အတက်နှုန်း 19.7% အထိ အတက်ရှိထားပြီး ဖြစ်ပါသည်။
#NangKhamThiriOo
26. 9. 2022