ရာဇရွှေပလ္လင် အရောင်မှိန်လာတဲ့ ဒေါ်လာ 

Written by admin1

goldusd1

 

လက်ရှိမှာဆိုရင် အမေရိကန်ဒေါ်လာ ငွေကြေးဟာ Global Reserve ငွေကြေးတွေထဲမှာ 40% လောက်သာ နေရာယူမှု ရှိတော့ကြောင်း Bloomberg ဒေတာအရ သိရှိရပါသည်။

၎င်းနှုန်းဟာ နှစ်ပေါင်း 20 အတွင်းမှာ အနိမ့်ဆုံးနှုန်းလည်း ဖြစ်ပါသည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းကို ကြည့်ရင် Global Reserve ငွေကြေးတွေထဲ၌ ဒေါ်လာရဲ့ နေရာယူမှုနှုန်းဟာ -18% အထိ ထိုးဆင်းလာခဲ့တာဖြစ်သည်။

တချိန်တည်းသော ကာလမှာတော့ Gold reserve တွေက မြင့်တက်လာခဲ့ပြီး 1990 ခုနှစ် နောက်ပိုင်းကိုကြည့်ရင် +28% လောက်အထိ မြင့်တက်လာခဲ့သည်။

ပြီးခဲ့တဲ့ 2022 နောက်ပိုင်း ကမ္ဘာ့အရပ်ရပ်မှ ဗဟိုဘဏ်တွေသည်လည်း Foreign Reserve တွေကို လျှော့ချနေပြီး Gold Reserve တွေကို တိုးမြှင့်နေခဲ့ကြတာ အထင်အရှား တွေ့ရှိရပါသည်။

2025 နှစ်ထဲကို ကြည့်ရင်တောင် ကမ္ဘာ့ရွှေစျေးနှုန်းက တနှစ်တာ အတက်နှုန်း +65% တက်ထားချိန်၌ ဒေါ်လာတန်ဖိုးကတော့ -9.5% အထိ ရှိခဲ့ပါသည်။ ဒီအချက်ဟာ Dedollarization ရဲ့ သက်ရောက်မှု ဖြစ်ကြောင်း သိသာစွာ တွေ့မြင်နိုင်ပါသည်။

#NangKhamThiriOo
9. 1. 2026

Category: