
နေ့စဉ် ရုံးတက်စရာမလိုတာကြောင့် ကိုယ်စိတ်အာရုံ စူးစိုက်ထားနိုင်တဲ့အချိန်ဟာ ကိုယ့်ရဲ့ အလုပ်ချိန်ဖြစ်တယ်၊ အချိန်လွတ်လပ်မှု ရှိတာ Trader ပဲ။
ရုံးခန်းဆိုတာက အိပ်ခန်းထဲလည်း ဖြစ်နိုင်တယ်၊ အအေးဆိုင်မှာလည်း ဖြစ်နိုင်တယ်။ ဘယ်နေရာ သွားသွား ရောက်တဲ့နေရာမှာ ဖုန်း၊ လက်ပ်တော့ ဖွင့်ပြီး အလုပ်လုပ်လို့ရတဲ့ သူဟာ Trader ပဲ။
HR team လည်း ကြောက်စရာမလိုသလို၊ Boss ရဲ့ မျက်နှာလည်း ကြည့်စရာမလို၊ ကိုယ်ကိုယ်တိုင်က ကိုယ့်ရဲ့ Boss ဖြစ်လို့ တပင်တိုင် Boss ဟာ Trader ပဲ။
ရုံးခန်းတွေ၊ စက် ပစ္စည်းကိရိယာတွေ နဲ့ ဝန်ဆောင်မှုတွေ အတွက် ငွေကုန်ကြေးကျခံစရာ မလိုတာ Trader ပဲ။
ကိုယ့်ရဲ့ လုပ်ငန်းကို ချဲ့ထွင်ဖို့ အဆောက်အဦး၊ မြေနေရာတွေ လိုက်ချဲ့စရာမလို။ ကိုယ့်ရဲ့ Trading skill နဲ့ အသုံးချနိုင်စွမ်းကို စိတ်တိုင်းကျ ချဲ့လို့ရနိုင်တာ Trader ပဲ။
လကုန်ရက်ကို စောင့်စရာမလိုဘဲ ကြိုက်တဲ့အချိန်မှာ Profit taking လုပ်လို့ရတာ Trader ပဲ။
ကိုယ့် လုပ်ငန်းအတွက် Customer ရှာဖို့ မားကတ်တင်းတွေ လုပ်စရာမလိုဘဲ ကိုယ်နဲ့ market တို့အကြား တိုက်ရိုက် အကျိုးအမြတ်ရှာယူနိုင်တာ Trader ပဲ။
တခြားလုပ်ငန်းတွေမှာ ပြိုင်ဘက်ကို သတိထားနေရချိန်မှာ ပြိုင်ဘက်ကင်း တကိုယ်တည်း ပန်းဝင်နိုင်တာ Trader ပဲ။
ပုံသေ လစာ (Fixed income) ကို မျှော်စရာမလိုဘဲ ကျွမ်းကျင်မှု အလျောက် income ကို ချဲ့လို့ရတာ Trader ပဲ။
Certificate တထပ်ကြီးနဲ့ CV ဖောင်ဖြည့်ပြီး အလုပ်သွားလျှောက်စရာ မလိုဘဲ၊ ကိုယ့်ကိုကိုယ် အလုပ်ခန့်၊ ကိုယ်စိတ်ပါတဲ့အချိန် အလုပ်လုပ်လို့ရတာ Trader ပဲ။
အချိန် လွတ်လပ်မှု ၊ ငွေရေးကြေးရေး လွတ်လပ်မှု ၊ အထက်ဖားအောက်ဖိ တွေ မရှိတဲ့ ဖိအားလွတ်လပ်မှုတွေ ရှိတာ Trader ပဲ။
20. 8. 2023