
စာဖတ်သူ မိတ်ဆွေဟာ Stock trader ဖြစ်စေ၊ Crypto trader ဖြစ်စေ၊ Forex trader ဖြစ်စေ၊ Commodity trader ဖြစ်စေ စျေးကွက်နဲ့ မိမိအကြားမှာ မထင်မှတ်ထားတဲ့ Risk မျိုး အချိန်မရွေးရှိလာနိုင်တယ်ဆိုတာကို အမြဲနှလုံးသွင်းထားဖို့ လိုကြောင်း စာရေးသူက စေတနာရှေ့ထားပြီး နည်းနည်းလောက် လျှာရှည်ပါရစေ...
"In trading, always remember that Hiroshima and Nagasaki were destroyed in a Day"
အားလုံးသိထားခဲ့ပြီးတဲ့အတိုင်း ဒုတိယ ကမ္ဘာစစ်ကာလတုန်းက ဂျပန်နိုင်ငံရဲ့ အချက်အချာကျတဲ့ မြို့ကြီးတွေ ဖြစ်ခဲ့ကြတဲ့ ဟီရိုးရှီးမားနဲ့ နာဂါဆာကီ မြို့ကြီးတို့ဟာ အနုမြူဗုံးကျဲခံခဲ့ရပြီး တရက်တည်းအတွင်းမှာတင် မြို့ကြီးနှစ်မြို့လုံးဟာ ပြာပုံအဖြစ် ရောက်ရှိခဲ့ရတယ်။
Trading လုပ်တဲ့အခါမှာ စျေးကွက်ရဲ့ အတက်အကျ ဒဏ်ကို ခံနိုင်ရည်ရှိဖို့၊ မိမိဘက်က စျေးကွက် နယ်ပယ်မှာ ထူးချွန်စွာ နိုင်ပွဲတွေ ဆင်နိုင်ဖို့ရာ Trading skill တွေ အရင် ဖြည့်ဖို့လိုတယ်။
ဒါတင်မကသေးဘဲ
ဟီရိုးရှီးမား ဖြစ်စဥ်လို မထင်မှတ်ထားနိုင်တဲ့ Market risk တွေ၊ Market shock တွေ၊ Price fluctuations မြန်ဆန်မှုတွေ၊ Unexpected events တွေ ဖြစ်ပေါ်လာခဲ့သည် ရှိသော် ...
ကိုယ့်အတွက် ဆုံးရှုံးနိုင်ခြေ အန္တရယ် နည်းနိုင်သမျှ နည်းအောင် Calculated risk ဖြစ်အောင် အမြဲ ပြင်ဆင်ထားဖို့ အထူးပင် လိုအပ်ပါတယ်။
8. 9. 2023