
ပရော်ဖက်ရှင်နယ် ထရိတ်ဒါ တယောက်ဖြစ်နေပြီလို့ ဆိုနိုင်တဲ့ အချက်တွေ များစွာ ရှိပါတယ်။ အဓိက အားဖြင့်ကြည့်ရင်တော့ ပရော်ဖက်ရှင်နယ် trader တွေဟာ
(1) စျေးကွက်နဲ့ ပတ်သက်ရင် ဗဟုသုတကြွယ်တယ်၊ Advanced knowledge ရှိတဲ့သူတွေ ဖြစ်တယ်။
(3) Market trend က ဘယ်လိုလာလာ trade position တွေ မှန်မှန်ကန်ကန်ယူနိုင်တယ်။
(4) စျေးကွက်ရဲ့ Real time လက်တွေ့ အနေအထားကို အချိန်နဲ့ တပြေးညီ သုံးသပ်နိုင်စွမ်းရှိတယ်။
(5) သီလသမာဓိအားကောင်းတဲ့ သူတော်စင်တယောက်လိုပဲ သီလမြဲသလို၊ Risk management ကို မြဲမြံစွာ ထိန်းတယ်။
(6) Technical analysis, Fundamental analysis, Sentimental analysis နည်းစနစ်တွေကို ပေါင်းစပ်ပြီး အသုံးချနိုင်တဲ့ skill မြင့်မားတယ်။
(7) စျေးနှုန်းရဲ့ အရွေ့ကို တွန်းအားဖြစ်စေနိုင်တဲ့ Main driver တွေကို အမြဲနားစွင့်ပြီး အခွင့်အရေးကောင်းကို ယူတတ်တယ်။
(8) Loss ဖြစ်ဖို့ ခံနိုင်ရည် ပမာဏထက် မပိုအောင် စည်းစနစ်တကျ Trade တတ်တယ်။
(9) Learning ကို မရပ်နားဘဲ စျေးကွက်နဲ့ အတွေ့အကြုံ တွေကို အမြဲသင်ယူလေ့လာနေသူတွေ ဖြစ်တယ်။
(10) တကိုယ်တည်းသမား အပျိုကြီး၊ လူပျိုကြီးတွေ ဖြစ်တယ်။ Currency pairs တွေ တခုနဲ့ တခုတို့ဟာ Strong Relationship ရှိမရှိ အမြဲ အာရုံထားနေရတော့ ကိုယ်တိုင် Ship ဖို့ မေ့သွားတယ်။ (Just for fun)
5. 9. 2023