အပြာဒဏ် မခံနိုင်သော Trader များ သို့... 

Written by admin1

FXBlue

 
Trader အများစုတို့ဟာ Overnight millionaire အိပ်မက်တွေ ရှိကြလို့ Trading ကို ခြေလှမ်းစခဲ့ကြတာက များပါတယ်။ Trading မှာ သေရေးရှင်ရေးသမျှ အရေးအကြီးဆုံး ကတော့ Risk management ပဲ ဖြစ်ပါတယ်။
 
Risk management မလုပ်တတ်ရင်တော့ Overnight အာဝု ဖြစ်မယ့် ကိန်း ဆိုက်သွားနိုင်ပါတယ်။ Risk management ဟာ စာရွက်ထဲမှာ၊ calculator ထဲမှာ ချတွက်ထားရတဲ့အရာ မဟုတ်ဘူး၊ တကယ့်တကယ် Trade လုပ်တဲ့အခါမှာ Entry နဲ့ Exit ကြား အခိုက်အတန့်လေး မှာ သေချာစွာ အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။
 
Trading မှာ ဂါထာ တပုဒ်ရှိတယ်၊ "ride your winner, cut your loser" တဲ့။ (အပြာဒဏ်မခံနိုင်တဲ့ Trader တွေ တနေ့ 3 ကြိမ် ရွတ်ရန်😉)
 
အများစုက ပြောင်းပြန်လုပ်ကြတယ်။ Floating loss ကိုတော့ ပစ်ထားကြပြီး Profit ကြတော့ လက်ယားပြီး သိမ်းလိုက်ကြတာမျိုး။ Stop loss ကို ခပ်ဝေးဝေးထားပြီး Take profits ကြတော့ Entry နဲ့ ကပ်ပြီးထားတာမျိုး။ Stop loss ထားလျှက်နဲ့ စျေးက SL နီးလာရင် SL ကို ပြန်ပြန်ရွေ့တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ပျမ်းမျှကြည့်ရင် Loss က Profit ထက်ပိုများ ကြတယ်။
 
ဘာကြောင့် အဲဒီလို ဖြစ်ကြတာလဲ ဆိုတာ စာရေးသူရဲ့ အတွေ့အကြုံအရ အဖြေရှာကြည့်တဲ့အခါမှာ...
1. Profit target ကို မချင့်ချိန်တတ်တာ
2. ကိုယ့်ရဲ့ Trading Strategy အပေါ်မှာ ယုံကြည်မှု မရှိတာ
3. Strategy မရှိဘဲ ရမ်းသမ်း Trade တဲ့ machine gunner စတိုင် ဖြစ်နေတာ
4. Trading plan မရှိတာ
5. စိုးရိမ်စိတ်လွန်ကဲတာ
6. စိတ်မရှည်တာ
စတဲ့ အချက်တွေကို အဓိက တွေ့ရမှာ ဖြစ်ပါတယ်။
 
1,2,3,4 ထဲက တခုခု လုပ်မိနေတာဆိုရင် နည်းစနစ်ပိုင်းကို အချိန်ပေးပြီး လေ့လာ၊ လေ့ကျင့်ယူဖို့ လိုအပ်ပါတယ်။
5,6 ဆိုရင်တော့ Trader mindset ဝင်စားအောင် ကျင့်ကြံပေးရမှာပဲ ဖြစ်ပါတယ်။
 
27. 8. 2023
Category: