မိုးကျရွှေကိုယ် Trader ဆိုတာမျိုး မရှိဘူး 

Written by admin1

NkSkyman

 
Trading မှာ ဆရာသမားမရှိဘူး၊ ကိုယ်ဟာ အော်တိုတတ်မြောက်နေတာလို့ ပြောတဲ့သူရှိရင် သူဟာ တကယ်မတတ်သေးလို့ပါပဲ။ အဲလိုပြောတဲ့ လူဟာ Trader စစ်စစ်အဆင့်မရောက်သေးဘူးလို့လည်း ပြောလို့ရပါတယ်။
 
ဘာဖြစ်လို့လဲ ဆိုတော့ Professional Trader တိုင်းမှာ နည်း​ပေးလမ်းညွှန်လုပ်ပေးတဲ့၊ ဆရာအရာထားနိုင်တဲ့ လမ်းညွှန် နည်းပြသူ ဆိုတာ ရှိကို ရှိခဲ့တယ်။ အဲဒီလို နည်းပြ လမ်းညွှန်ပေးနိုင်တဲ့၊ ပေးတတ်တဲ့ ဆရာမရှိခဲ့ရင် Professional Trader အဆင့် ရောက်နိုင်ဖို့ အလွန်ဝေးသွား နိုင်ပါတယ်။
 
ကြူးလှချေလား ဒေါ်နန်းခမ်းရယ်။ ဒါဆိုရင် ဘယ်သူက ဆရာလဲ?
 
ဘယ်သူလဲ? ...လင်းပါအုံး။
 
တကယ်တမ်းက Trade Position တခုစီတိုင်းကနေရတဲ့
သင်ခန်းစာတွေက ကိုယ့်ကို သင်ပေးသွားတာ။ အိမ်စာမကြေညက်ရင် သင်တန်းကြေးတွေ အခါခါ အလီလီ ကုန်မယ်။ ကိုယ့်ဘက်က စနစ်တကျ၊ ကြိုးစား အားထုတ်မှု မရှိလေလေ Trade Position တွေမှာ ပိုစျေးကြီးတဲ့ ပညာပူဇော်ကြေး ပေးရလေလေပါပဲ။ စာရေးသူ ဆိုလိုတာကို သဘောပေါက်ကြမယ်လို့ မျှော်လင့်ပါတယ်။
 
ကြုံတုန်းလေး ထိထိမိမိ တခွန်းတည်း E လို မှုတ်လိုက်အုံးမယ်...
"Every trade position teaches us something valuable in trading" ပေါ့နော်။
ဆရာဆိုတာ 'သူ'ပဲ။
 
'သူ' = Trade Position
 
အိုကေ... အလင်းပွင့်ပြီ။
ဒါဆိုရင် ဘာတွေ သင်ပေးလဲ ကြည့်ရအောင်...
(1) Risk management
 
Trade Position တခုချင်းစီတိုင်းဟာ ကျွန်မတို့ကို Risk management ဘယ်လောက်အရေးကြီးကြောင်း သတိပေးလျှက်ရှိတယ်။ Stop loss မထားရင် ပညာပူဇော်ကြေး အဆမတန်ပေးရလိမ့်မယ်။ Risk နဲ့ Reward အကြား ချိန်ခွင်လျှာကို ဘယ်လို ညှိရမလဲဆိုတာကို lesson ပေးတယ်။ ဒီလိုအသိရဖို့ ကိုယ်ယူတတ်မှလည်း ရမှာနော်။ မယူတတ်ရင်တော့ သိကြားမင်း ဆင်းလာသင်ပေးလည်း မတတ်ဘူး။
 
(2) Patience and discipline
Trade position တခုကို ကိုယ့်ရဲ့ Trading plan အတိုင်း ယူထားပြီးပြီဆိုရင် Target စျေးရောက်တဲ့အထိ စိတ်ရှည်ရှည် ထားဖို့လိုတယ်။ စိတ်ရှည်နိုင်ဖို့ဆိုတာလည်း စည်းစနစ်တကျ လေ့ကျင့်ထားပြီးသား Trading plan ရှိထားဖို့လိုတယ် ဆိုတာကို 'သူ' က သင်ခန်းစာပေးပါလိမ့်မယ်။
 
(3) Market analysis
Analysis မလုပ်တတ်ဘဲနဲ့တော့ Trade Position တခုကို ဖွင့်ဖို့ လက်တည့်မစမ်းလိုက်နဲ့၊ သူစိတ်ကြည်နေရင် လက်ဆောင် (profit) ပေးပြီး စိတ်မကြည်ရင် ဒဏ်ကြေး (loss) ကောက် လိမ့်မယ်။ အဲဒီတော့ သူစိတ်ကြည်လား၊ မကြည်ဘူးလား ဆိုတာ TA, FA, SA ကို အခြေခံပြီး အရင်စဥ်းစားသုံးသပ်ပြီးမှ 'သူ့'ကို Entry ယူရမယ်လို့လည်း 'သူ' ကိုယ်တိုင် သင်ပေးထားတယ်။
 
(4) Emotional control
Trade position ဟာ ဖြူစင်တယ်။ လောဘတွေ၊ မောဟတွေ၊ စိုးရိမ်သံသယတွေ ထားရင် 'သူ' နဲ့ မတည့်နိုင်ဘူး။ မတည့်ရင် ဒဏ်ကြေး များများဆောင်ရလိမ့်မယ်။
 
(5) Adaptability
 
Trade Position ဟာ ပုံသေနည်း၊ စာအုပ်ကြီး သမားမဟုတ်ဘူး။ အဲဒီတော့ 'သူ'ဟာ အတက်နဲ့အကျ လမ်းကြောင်း နှစ်ခုအကြားမှာ ဘယ်ဘက်ကို သွားမလဲဆိုတာ အချိန်မရွေး စိတ်ပြောင်းသွား တတ်တယ်။ ဒါကြောင့် 'သူ'နဲ့ လိုက်လျောညီထွေဖြစ်ဖို့ ကိုယ်ဟာလည်း Flexible ဖြစ်ဖို့ လိုတယ်လို့ 'သူ' ကိုယ်တိုင် သတိပေးထားလေရဲ့။
 
(6) Confidence
များများ Trade လေ့ကျင့်လေလေ ကိုယ့်ကိုကိုယ် Confidence ရှိလာနိုင်လေလေ၊ ကိုယ့်ရဲ့ Analysis နဲ့ Skill အပေါ်မှာ Confidence ရှိလာလေလေ Trade position က ကိုယ့်ကို ဆုချ ချင်လေလေပါပဲ။ ဒါကြောင့် Confidence ရှိအောင် လေ့ကျင့်မှု များများ လုပ်ဖို့လည်း Trade position က သင်ပေးထားပြီးသား။
 
(7) Learning from mistakes
 
အမှားတကြိမ်လုပ်မိတိုင်း Trade position က ဆေးနီခါးကြီး တိုက်လိမ့်မယ်။ ဆေးနီခါးကြီး မသောက်ချင်ရင် အရင်က မှားခဲ့ဖူးသလို၊ တူညီတဲ့အမှားမျိုး ထပ်ခါ ထပ်ခါ မလုပ်ဖို့ Trade position က သင်ပေးထားပြီးသား ဖြစ်ပါတယ်။
 
အနီးဆုံးမှာ ရှိနေတဲ့ ကိုယ့်ရဲ့ Trade position ကနေ ဆရာလို
သင်ခန်းစာ​တွေ အများကြီး နည်းပေးလမ်းပြ လုပ်ပေးနေတာတွေကို တန်ဖိုးထားပြီး ကောင်းကောင်းမွန်မွန် သင်ယူရင်း Trade ကြပါစို့လား။
 
23. 9. 2023
Category: