
ဒီကနေ့တရက်တည်းမှာတင် ဒေါ်လာညွှန်းကိန်း အတက်က +0.55% အထိ အတက်ရှိထားပြီး ကမ္ဘာရွှေစျေးနှုန်းကတော့ တနေ့တာ အကျနှုန်း -1.2% အထိ အကျ ရှိထားပြီ ဖြစ်ပါသည်။
မနေ့ကတော့ သမ္မတ ဂျိုးဘိုင်ဒင်နှင့် အောက် လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ McCarthy တို့က debt ceiling ပမာဏ တိုးမြှင့်ပေးစေရေးအတွက် ဆွေးနွေးမှု တွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပြီး default ဖြစ်မှု ရှိနိုင်မည် မဟုတ်ကြောင်း ဆိုထားခဲ့ပါသည်။ ၎င်းအချက်က အမေရိကန် recesssion ဖြစ်မည့် အလားအလာကို လျော့ကျစေသောကြောင့် ဒေါ်လာကို အဝယ်လက်ကိုင်ထားမှု တိုးစေပြီး ဒေါ်လာညွှန်းကိန်း အတက်ရှိခဲ့ခြင်းဖြစ်သည်။
လတ်တလော မှာ ထွက်ရှိထားခဲ့သည့် အမေရိကန် စီးပွားရေးဒေတာတွေဟာ အကောင်းဘက်သာ များသောကြောင့် လာမည့် ဇွန်လထဲ၌ Fed အတိုးနှုန်း အခြေခံပွိုင့် 25 ပွိုင့် တိုးနိုင်ခြေက 37% အထိ ရှိလာခဲ့ပါသည်။
ဒီတပတ်ထဲမှာ Fed အရာရှိ 12 ယောက်တို့ရဲ့ မိန့်ခွန်း ပြောကြားမှု အချိန်ဇယားတွေ ခပ်စိတ်စိတ်ရှိနေပြီး ဒီနေ့အထိ ပြောကြားခဲ့ပြီးသည့် အရာရှိတွေရဲ့ မှတ်ချက်ပြုစကားတွေထဲမှာ ဒီနှစ်ထဲ rate cut လုပ်မည့်အရေး တခွန်းတလေ မဆိုထားခဲ့ကြပေ။ ၎င်းအချက်တွေက ဒေါ်လာကို အတက်အားပေးအားမြှောက်ဖြစ်နေစေသည်။
ဒေါ်လာညွှန်းကိန်းဟာ ဒီကနေ့မှာ 103.31 အထိ အတက်ရှိထားပြီး 2 လတာ အတွင်း အမြင့်ဆုံး level လည်းဖြစ်ပါသည်။ ဒေါ်လာ အတက်က ရွှေစျေးနှုန်း အပေါ် ဖိအားများစေပြီး 1956.50 အထိ အကျရှိထားပြီးဖြစ်သည်။
မနက်ဖြန်မှာလည်း Fed ဗဟိုဘဏ် ဥက္ကဋ္ဌ Powell ရဲ့ မိန့်ခွန်း အချိန်ဇယားရှိနေတာကြောင့် စျေးကွက်က အထူးအလေးပေး စောင့်ကြည့်ရဖို့ရှိနေပါသည်။
"အချိန်နဲ့ တပြေးညီ စျေးကွက်သုံးသပ်ချက်တွေ ရယူလိုပါက Top Analysts Group မှာ member ဝင်ထားလို့ရပါသည်။"
18. 5. 2023