
Trader အဖြစ် ရေရှည်ရပ်တည်နိုင်ပြီး Profitable trader ဖြစ်နိုင်ဖို့ဆိုရင် Consistency အားကောင်းဖို့ လိုပါတယ်။ တော်ရုံတန်ရုံ စိတ်အားထက်သန်မှု၊ ဇွဲရှိမှု လောက်နဲ့ မလုံလောက်ပါ။ မိုးလင်းမိုးချုပ် စျေးကွက်ရဲ့ အတက်အကျ၊ အပြောင်းအလဲတွေကို ဒေါင့်စေ့အောင် အာရုံကပ်ထားနိုင်တဲ့ အပြင် အိပ်မက်ထဲ အထိပါ စျေးကွက်ကို Analysis လုပ်နေတာမျိုး ဖြစ်နေရမယ်။
Consistency ဟာ ဘာကြောင့် အရေးပါ အရာရောက်သလဲ?
Trader တယောက်ဟာ သူ့ရဲ့ Trading Strategy တခု အလုပ်လုပ်ပုံကို နားလည်သဘောပေါက်နိုင်ဖို့ဆိုတာ တရက် တမနက်နဲ့ လေ့ကျင့်လိုက်လို့ မလုံလောက်ပါဘူး။ တချို့က စာအုပ်ဖတ်ပြီးခါစ၊ သင်တန်းတက်ပြီးခါစမှာ နားလည်သယောင်ယောင် ရှိကြတာနဲ့ လေ့ကျင့်မှုကို ဆက်မလုပ် ကြတာတွေ ရှိပါတယ်။
အဲဒီအခါ Strategy တခုရဲ့ အလုပ်လုပ်ပုံကို သေချာ မသိနိုင်တော့ပါဘူး။ အချိန်ကာလ တခုကြာတဲ့အထိ လေ့ကျင့်မှုကို နေ့စဥ် အားထည့်ထားမှသာ Strategy တခုရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကောင်းစွာ သဘောပေါက်မှာ ဖြစ်တယ်။ အချိန်ကာလ တခုကြာတဲ့အထိ အမြတ်ရရှိမှုနှုန်းက ပိုများတယ်ဆိုတာ သက်သေပြနိုင်တဲ့ Strategy ကိုသာ ရေရှည်စွဲ သုံးနိုင်မှ Profitable trader အဖြစ် ရှိစေနိုင်မှာ ဖြစ်ပါတယ်။
(2) စည်းစနစ်တကျ trade တတ်ရေးအတွက် အရေးပါတယ်။
အောင်မြင်တဲ့ Trader တယောက်ဖြစ်စေဖို့ စည်းစနစ်တကျ Trade တတ်ခြင်းဟာ အလွန်အရေးကြီးပါတယ်။ Trading plan နဲ့ နေ့စဥ် ထိန်းကျောင်းလေ့ကျင့်ယူမှသာ စည်းစနစ်တကျ Trade လုပ်နိုင်တဲ့သူ ဖြစ်မှာပါ။
(3) Risk management လုပ်တတ်ဖို့အတွက် အရေးပါတယ်။
Consistent trader တွေဟာဆိုရင် သူတို့ရဲ့ Risk ယူနိုင်တဲ့ အနေအထားနဲ့၊ Risk ယူနိုင်တဲ့ အတိုင်းအတာတို့ကို ကောင်းစွာ နားလည် သဘောပေါက်နိုင်ကြတယ်။ ဘယ်လိုအချိန်အခါမျိုး၊ ဘယ်လိုစျေးတန်းမျိုးမှာ Position size ကို manage လုပ်မလဲ? Stop loss ကို ဘယ်နားထားသင့်လဲ? Risk & Reward အချိုးကို ဘယ်လိုသုံးသင့်သလဲ? ဆိုတာမျိုးတွေကို စျေးကွက်ရဲ့ အတက်အကျနဲ့ ကိုယ့်ရဲ့ Risk ခံနိုင်ရည် စွမ်းတို့အကြား လိုက်လျောညီထွေစွာ သုံးတတ်တဲ့ စွမ်းရည်တွေက Consistency အားကောင်းမှ တက်လာစေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
(4) စိတ်ခံစားမှု တည်ငြိမ်ရေး အတွက် အရေးပါတယ်။
Trader တွေ အဖြစ်အများဆုံးက စိတ်ခံစားမှုကို ထိန်းရတာဟာ မဟာစိန်ခေါ်မှုကြီးလိုပဲ။ အထူးသဖြင့် loss ဖြစ်တဲ့ အချိန်မှာ စိတ်တွေ ညစ်ညူးသွားပြီး အရှုံးချေလိုစိတ်၊ lot size တင်လိုစိတ်တွေ၊ ရမ်းသမ်း trade ချင်စိတ်တွေ ကဲတတ်ကြတယ်။ အဲဒီလို နတ်ဆိုးစိတ်တွေ ဝင်တာက ကိုယ့်ကို ပိုပျက်ဆီးစေတာပဲ။ နေ့စဉ် စျေးကွက်နဲ့ အဆက်မပြတ်စေဘဲ Trading plan တွေလုပ်မယ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချပြီး လေ့ကျင့်မယ် ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နတ်ဆိုးစိတ်ကို တိုက်ထုတ်နိုင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
(5) လေ့လာမှု အားကောင်းစေရေး၊ trading အရည်အချင်းတိုးတက်စေရေး တို့အတွက် အရေးပါတယ်။
Consistency ရှိခြင်းဟာ နေ့စဥ် မပျက်မကွက် စျေးကွက်နဲ့ ထိတွေ့နေရတာကြောင့် ကိုယ့်ရဲ့ Entry, Exit တွေ မှန်ဖို့ ပိုမိုတိုးတက်လာစေနိုင်တယ်။ ကိုယ့်ရဲ့ အမှားတွေကို မြင်တတ်လာပြီး လမ်းကြောင်းမှန်ကိုသွားနိုင်ဖို့ အလင်းပွင့်သွားမယ်။ Trading results တွေ ပိုပြီး တိုးတက်ကောင်းမွန်လာစေနိုင်မှာ ဖြစ်ပါတယ်။
(6) ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုကောင်းလာစေနိုင်ဖို့ အရေးပါတယ်။
Trader တယောက်ဟာ သူရဲ့ သေချာလေ့ကျင့်ထားတဲ့ Trading Plan ရှိအုံးတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းရင် တခါတလေမှာ ကိုယ့် plan အတိုင်း မလုပ်တာမျိုးတွေ ရှိတတ်တယ်။ Consistency ရှိခြင်းက ယုံကြည်မှုကိုလည်း တိုးတက်စေနိုင်မှာ ဖြစ်ပါတယ်။
အနှစ် ချုပ်ရရင်တော့ ရေရှည်မှာ အမြတ်ငွေ ခိုင်မာစွာ ရှိစေနိုင်ဖို့၊ စည်းစနစ်တကျ Trade နိုင်ဖို့၊ စိတ်ခံစားမှု ကို ထိန်းနိုင်ဖို့၊ Risk management ကောင်းကောင်း လုပ်တတ်ဖို့၊ ကိုယ့်ရဲ့ Trading skill ကို တဆင့်ထက် တဆင့် မြင့်လာစေနိုင်ဖို့ အတွက် Consistency အင်မတန် အရေးကြီးပါတယ်။
အီးရောဖောရှော ငွေ အလွယ်ရမယ်ထင်လို့ Trading ကို စိတ်ဝင်စားတာဆိုရင် စောစောစီးစီး ဘိုင့်ဘိုင့် လုပ်သွားလိုက်သင့်ပါတယ်။
30. 7. 2023