
Kathy Lien လို့ ဆိုလိုက်ရင် Currency Trading လောကထဲမှာ ကမ္ဘာ့အဆင့် အောင်မြင်နေကြတဲ့ အမျိုးသား Trader တွေနဲ့ အပြိုင် ထွန်းပေါက်အောင်မြင်နေတဲ့ ရှားပါး အမျိုးသမီး Trader တဦးဖြစ်ကြောင်း အထူး ညွှန်းစရာ မလိုတော့ပေ။
ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံ ရှိသူဖြစ်သည့်အပြင် ရောင်းအားအကောင်းဆုံး စာရင်းဝင် Currency Trading စာအုပ်တွေရေးသားခဲ့သူလည်းဖြစ်၊ လက်ရှိမှာလည်း BK asset management ရဲ့ မန်နေးဂျင်းဒါရိုက်တာ အဖြစ်ရော၊ Trader အဖြစ်ရော လုပ်ကိုင်နေဆဲ ဖြစ်သည်။
သူမ မျှဝေ ပေးထားတဲ့ Trading Rules ၇ ချက်ကတော့
(1) Always have a trading plan
အရောင်းအဝယ်မလုပ်ခင်မှာ ဘယ်စျေးရောက်ရင် Buy /Sell entry ဝင်မယ်၊ Profit နဲ့ Loss ကို ဘယ်လောက် target ထားမယ်၊ Lot size ဘယ်လောက်သုံးမယ်၊ ဘယ်စျေးမှာ ဘယ်အချိန်မျိုးမှာ Exit လုပ်မယ် စသဖြင့် Trading Plan ကို အမြဲ လုပ်ပြီးမှ အရောင်းအဝယ် လုပ်သင့်ကြောင်း ဆိုထားပါသည်။
(2) Trade with the trend
စျေးနှုန်းလားရာ အတိုင်း လိုက်ပါစီးမျောပြီး အရောင်းအဝယ်လုပ်ပါ၊ စျေးနှုန်းလားရာ နဲ့ ဆန့်ကျင်ပြီးတော့ အရောင်းအဝယ် မလုပ်ပါနဲ့။
(3) Always use a stop
Stop Loss အမြဲသုံးသင့်သည်။ Stop Loss မထားပါက ဆုံးရှုံးမှု ပမာဏဟာ အကန့်အသတ်မရှိ ပို၍ ဆုံးရှုံးသွား စေနိုင်ပါသည်။
(4) Do not add to losers
ဆုံးရှုံးတဲ့ ပမာဏ ကို နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်ပြီး Trade သင့်သည်။ ရှုံးနေတဲ့ ပမာဏကို ပိုပိုကြီးလာအောင် မလုပ်သင့်ပေ။
(5) Never risk more than 1% on a single trade
အရောင်းအဝယ် တကြိမ် လုပ်စာ ပမာဏမှာ မိမိရဲ့ Trading အကောင့်ထဲမှာ ရှိတဲ့ လက်ကျန်ငွေ ပမာဏ ရဲ့ 1% လောက်သာ Risk ယူသင့်ပါသည်။
(6) Do not over trade
မိမိအကောင့်နဲ့ မကိုက်ညီတဲ့ Lot size ခပ်ကြီးကြီးတွေ သုံးပြီး Trade တာတွေ၊ ခန ခန Trade တာတွေ မလုပ်သင့်။
(7) Do not revenge trade
ဆုံးရှုံးမှု ကြုံတွေ့ရပြီးနောက် ရှုံးမဲမဲကာ အမြတ်ကို အမြန်ပြန်ရချင်တဲ့ စိတ်တွေ စောပြီး အရှုံး ချေလိုတဲ့ စိတ်နဲ့ Trade တာမျိုး လုံးဝ မလုပ်သင့်ပါ။
12. 7. 2023
Photo - Google