ဒီ (၂) ချက်ကို မသိရင် ထရိတ်ဒါ မလုပ်နဲ့ 

Written by admin1

notrader

 
(၁) Trading လုပ်ရာမှာ ဘာကြောင့် ငွေကြေးဆုံးရှုံးရတာလဲ?
 
အများစုက Trading လုပ်ခြင်းဟာ အချိန်တိုအတွင်း ငွေကို လွယ်လွယ်ကူကူ ရှာနိုင်မယ်လို့ ထင်ကြလို့ Trading လုပ်ချင်ကြတာ ဖြစ်ပါတယ်။ အမြတ်ရဖို့အရေးကိုသာ ဇောသန်ပြီး ရှုံးဆုံးနိုင်ခြေ အန္တရာယ်တွေကိုတော့ မမြင်ကြသလို၊ မြင်နိုင်အောင်လည်း အရင် အချိန်ပေးပြီး မလေ့လာချင်ကြပေ။
 
ကိုယ့်ရဲ့ ငွေဘယ်လိုဆုံးရှုံးနိုင်သလဲ? Market risk, Trading risk, Financial risk အစရှိသဖြင့် Risk တွေ ဘယ်လိုရှိသလဲ? ဆိုတာကို အရင်သိအောင်လုပ်ပြီး risk ခံနိုင်ရည် ရှိမှ Trading လုပ်သင့်ပါတယ်။ Risk ကို ခံနိုင်ရည် မရှိတဲ့သူတွေ၊ Risk အကြောင်း သေချာနားမလည်သူတွေအတွက် Trading က မသင့်တော်ပါ။
 
(၂) Trading လုပ်ရာကနေ ဘာကြောင့် အမြတ်ငွေ ဖန်တီးနိုင်ကြတာလဲ?
 
Loser trader တွေ များစွာ ရှိကြသလို ၊ Trading လောကထဲကို ခြေစုံပစ်ဝင်ထားကြပြီး ပုံမှန် အမြတ်ဝင်ငွေနဲ့ လွတ်လပ်စွာ ရပ်တည်နေကြတဲ့ Trader စစ်စစ်တွေလည်း ရှိကြပါတယ်။ သူတို့ ဘာကြောင့် အမြတ်ဖန်တီးနိုင်တာလဲဆိုတာကတော့ -
 
သူတို့မှာ Risk & Money management ရှိတယ်။
 
အချိန်ယူ လေ့ကျင့်ထားတဲ့ ကိုယ်ပိုင် Trading system တွေ Techniques တွေရှိတယ်။
 
Trader တယောက်ရှိရမယ့် mindset ရှိတယ်။
 
Trading နဲ့ ပတ်သက်ရင် စျေးကွက်ရေးရာ ဗဟုသုတပိုင်းမှာ ကြွယ်ဝတယ်။
 
တရေးနိုး ထပြီး market analysis လုပ်ခိုင်းရင်တောင် စည်းစနစ်ကျကျ လုပ်နိုင်တယ်။
 
စနစ်တကျ လေ့ကျင့်ထားတဲ့ Trading Plan ရှိတယ်။
 
အမြတ်ကို ပဓာနမထားဘဲ ကျွမ်းကျင်မှုကို အရင်တည်ဆောက်ထားကြတယ်။
 
စျေးကွက်နဲ့ အဆက်မပြတ်စေဘဲ Consistency ကောင်းတဲ့ သူတွေ ဖြစ်ကြတယ်။
 
18. 7. 2023
Photo - google
Category: