အင်္ဂလန် ဗဟိုဘဏ်ကြီးက အတိုးနှုန်း 13 ကြိမ်ဆက်တိုက် တိုးမြှင့်ခဲ့ 

Written by admin1

boee

 
ဒီကနေ့မှာ အင်္ဂလန် ဗဟိုဘဏ်က အတိုးနှုန်း ကို အခြေခံပွိုင့် 50 ပွိုင့် ထပ်မံ တိုးမြှင့်ခဲ့ပါသည်။ စျေးကွက်က ခန့်မှန်းထားတဲ့ ပွိုင့်အရေအတွက် ထက်ကို ပိုများပြီး တိုးမြှင့်ခဲ့တာလည်း ဖြစ်သည်။
 
BOE (Bank of England) ဟာ ဒီကနေ့နဲ့ဆို 13 ကြိမ်မြောက် ဆက်တိုက် အတိုးနှုန်း တိုးမြှင့်တာ ဖြစ်ပြီး လက်ရှိ အတိုးနှုန်းဟာ 2008 ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့် အထိ ထားရှိတာလည်း ဖြစ်ပါသည်။
 
ယူကေ အင်ဖလေးရှင်း ဟာ မေလထဲမှာ 7.1% အထိ မြင့်တက်ခဲ့ပြီး 1992 ခုနှစ် နောက်ပိုင်း အမြင့်ဆုံး စံချိန်တင်သွားခဲ့တာဖြစ်သောကြောင့် အင်ဖလေးရှင်း ကို ထိန်းဖို့ရန် BOE က ဒီကနေ့မှာတော့ အတိုးနှုန်း ကို စျေးကွက်က ခန့်မှန်းထားတဲ့ ပွိုင့်အရေအတွက် ထက်ပိုပြီး တိုးခဲ့ခြင်းဖြစ်သည်။
 
 
22. 6. 2023
Category: