ခရစ်တိုငွေကြေးစျေးကွက်ဟာ 2008 ခုနှစ် Bitcoin ပေါ်ပေါက်လာပြီးတဲ့နောက် ကမ္ဘာ့နိုင်ငံ အများစုတို့မှာ အချိန်တိုအတွင်း ရေပန်းစားမှု ရှိလာခဲ့ပါသည်။ ယခု 2023 ခုနှစ်တွင် ကမ္ဘာတဝန်းလုံး၌ ခရစ်တိုငွေကြေး သုံးစွဲနေသူ လူဦးရေ စုစုပေါင်း သန်း 420 ကျော် ရှိလာပြီ ဖြစ်ကြောင်း နောက်ဆုံးထွက် စာရင်းဒေတာများအရ သိရှိရပါသည်။
2008 ခုနှစ်ထဲမှာ Bitcoin ပေါ်ပေါက်လာခဲ့သည်ဟု ဆိုသော်ငြားလည်း တကယ့်တကယ် ငွေပေးချေမှုအတွက် စတင်သုံးစွဲမှု လုပ်ခဲ့သည့် အချိန်က 2010 ခုနှစ်မှာ ပီဇာ နှစ်ချပ်ကို Bitcoin အရေအတွက် 1 သောင်းဖြင့် ဝယ်ယူခဲ့ရာမှ စတင်ခဲ့ပါသည်။ ၎င်းနောက် Bitcoin ကို လူသိများလာပြီးတဲ့နောက် အခြားသော ခရစ်တိုငွေကြေး အမျိုးအစား တွေလည်း ထပ်မံပေါ်ပေါက်လာခဲ့သည်။
ဆယ်စုနှစ်ကျော်ကျော်သော ကာလအတွင်းမှာတင် Bitcoin အပါအဝင် ခရစ်တိုငွေကြေးတွေကို လူအများစုတို့၏ လက်ခံမှုဟာ အချိန်တိုအတွင်း လျင်မြန်စွာ ရှိလာခဲ့ကြပြီး ခရစ်တိုငွေကြေးစျေးကွက်မှာ Trading, Investing လုပ်မှုတွေ၌ ရေပန်းစားမှု ရှိလာကြပါသည်။ 2010 ခုနှစ်ထဲတုန်းက ပီဇာ 2 ချပ် (ခန့်မှန်းချေ $25) ဖိုးလောက်ကို Bitcoin ဝယ်ကိုင်ထားပြီး လက်ရှိဈေးနဲ့ ထုတ်ရောင်းလိုက်ပါက $25 ရင်းနှီးမြှုပ်နှံမှု ကနေ ဒေါ်လာ 270 သန်း အထိ ရရှိသွားပါလိမ့်မည်။
ဘာကြောင့် အချိန်တိုအတွင်း လူအများရဲ့ လက်ခံမှု၊ စိတ်ဝင်စားမှု ရှိနေရတာလဲ?
ခရစ်တိုငွေကြေးတွေကို မိမိ ကိုယ်တိုင်ကိုယ်ကျ ကြိုက်တဲ့အချိန်မှာ အရောင်းအဝယ်တွေ လုပ်လို့ရပြီး ဘဏ်လိုမျိုး ကြားခံ အဖွဲ့အစည်း တခုခုဆီမှာ အပ်နှံထားဖို့ မလိုခြင်း။
ရုံးဖွင့်ချိန် ၊ ရုံးပိတ်ချိန်တွေ မလိုအပ်ဘဲ ကြိုက်တဲ့အချိန်မှာ ငွေအလွှဲအပြောင်း လုပ်လို့ရနေခြင်း။
ပိတ်ရက်မရှိဘဲ 24 နာရီ 7 ရက်ပတ်လုံး အလွှဲအပြောင်းလုပ်လို့ရခြင်း၊ သုံးစွဲလို့ရခြင်း။
ငွေအလွှဲအပြောင်း လုပ်ငန်းစဥ်အလွန်မြန်ဆန်ပြီး လွှဲပြောင်းခ ကုန်ကျစရိတ်တွေ သက်သာခြင်း။
မည်သည့်အဖွဲ့အစည်းကမှ မိမိတို့ရဲ့ ခရစ်တိုငွေကြေးတွေကို မတရားသဖြင့် သိမ်းယူတာတွေ လုပ်လို့ မရနိုင်ခြင်း။
ငွေအလွှဲအပြောင်း ပြုလုပ်ရာ၌လည်း ပွင့်လင်းမြင်သာမှု ရှိခြင်း။
အီလက်ထရွန်းနစ် ပိုက်ဆံအိတ်ဖြင့် သိမ်းဆည်းရတာဖြစ်သောကြောင့် ပြင်ပလောကမှ သူခိုး၊ ဓားမြတွေ လူကို ရန်မူပြီး လုယက်သွားတာမျိုး မရခြင်း။
လက်ရှိသုံးနေကြ Fiat Currency (အစိုးရထုတ်ငွေကြေး) တွေမှာ အင်ဖလေးရှင်း ဆိုးရွားစွာ မြင့်တက်နေသော ကာလမျိုး၌ ခရစ်တိုငွေကြေးကို လက်ဝယ်ထားရှိခြင်းအားဖြင့် အင်ဖလေးရှင်း ဒဏ်ကို ရှောင်ရှားနိုင်ခြင်း။
စမတ်ဖုန်းတလုံးရှိရုံဖြင့် ခရစ်တိုငွေကြေးတွေကို ရောင်းဝယ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ခြင်း စသည်တို့ကို မည်သူမဆို လွယ်လွယ်ကူကူ လုပ်လို့ရနိုင်ခြင်း။
စသည်ဖြင့် ကောင်းကျိုးများစွာ ရှိသလို "သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး" ဟူသည့် ဆိုရိုးစကားလိုပင် အကောင်းအဆိုး ဒွန်တွဲလျှက် ရှိပါသည်။ ကောင်းကျိုး၊ ဆိုးကျိုး ဆိုတာ မည်သည့် လုပ်ငန်း၊ မည်သည့်အရာမှာ မဆို ရှိပါသည်။ မိမိဘက်က ထိုက်သင့်သော လေ့လာ ဆည်းပူးမှုနှင့် ကျွမ်းကျင်မှုရှိရင် ရှိသလို စီမံသုံးစွဲနိုင်ဖို့တော့ လိုအပ်သည်။
ဒါကြောင့် ခရစ်တိုငွေကြေးများနှင့် ပတ်သက်၍ လေ့လာထားသင့်သည့် ဆောင်ရန်ရှောင်ရန် အကြောင်းအရာ များ၊ စျေးကွက်သုံးသပ်သည့် နည်းဗျူဟာများ၊ အရောင်းအဝယ် နည်းစနစ်များ၊ နှင့် ခရစ်တိုလောကမှ အလိမ်အညာဖြစ်ရပ်များကို ရှောင်ရှားနိုင်အောင်၊ အန္တရာယ် ကင်းကင်း ရင်းနှီးမြုပ်နှံမှု၊ ရောင်းဝယ်မှု တို့ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်အောင် လာမည့် မေလ 29 ရက်နေ့မှာ ဖွင့်မည့် Fiat Currency And Cryptocurrency အွန်လိုင်းသင်တန်းမှာ စုံစုံလင်လင် ရှင်းပြသင်ကြား ပေးသွားမည် ဖြစ်ပါကြောင်း။
လက်ရှိသုံးစွဲနေတဲ့ ငွေကြေးစနစ်နှင့် အနာဂတ်မှာ သုံးစွဲလာနိုင်ခြေရှိတဲ့ ငွေကြေးစနစ်သစ် အကြောင်းတွေကို သေချာစွာ နားလည်သဘောပေါက်စေရန် လက်တွေ့ အနေအထားများနှင့် တကွ ရှင်းပြသွားမည် ဖြစ်ပါကြောင်း။
24. 5. 2023