SVB ဘဏ်ပြိုလဲမှု လှိုင်းဂယက်ကြောင့် Bitcoin နှင့် ခရစ်တိုငွေ​​​ကြေးတွေ အတက်ဘက်သို့ ဦးတည် 

btcbull

 
     လက်ရှိမှာတော့ ခရစ်တိုငွေကြေး စျေးကွက်အရင်းပြုတန်ဖိုးက ဒေါ်လာ 1 ထရီလီယံ အထက်သို့ ပြန်ရောက်လာခဲ့ပါသည်။
 
     ဒီကနေ့ တနင်္လာ နေ့မှာတော့ အမေရိကန် ဘဏ္ဍာရေးဌာန နှင့် FDIC တို့က Silicon Valley bank နှင့် Signature bank တို့မှာ ငွေအပ်နှံထားသူများအား ငွေထုတ်ပေးနိုင်ရေး အတွက် ကြေညာချက် ထုတ်ပြန်ခဲ့သည့် သတင်းကောင်းရှိလာခဲ့ခြင်းနှင့် Fed ဗဟိုဘဏ်ရဲ့ မတ်လအတိုးနှုန်း အခြေခံပွိုင့် 50 bps တိုးနိုင်ခြေ အလားအလာမှေးမှိန်သွားပြီး 25 bps သာတိုးနိုင်ခြေ ရှိနိုင်တော့တာကြောင့် Bitcoin, Ether စသည့် ထိပ်တန်း ခရစ်တိုငွေကြေးတွေ အတက်ပြန်ရှိလာခဲ့သည်။
 
       Bitcoin က $22750 ဝန်းကျင်အထိ အတက်ရှိခဲ့ပြီး Ether ကတော့ $1630 အထိ အတက်ပြန်ရှိခဲ့သည်။ ၎င်းခရစ်တိုငွေကြေး နှစ်မျိုးစလုံးက ပြီးခဲ့တဲ့ 24 နာရီ အတွင်းမှာ အတက်နှုန်း +8% ထက်မနည်း ရှိခဲ့ကြတာလည်း ဖြစ်ပါသည်။
 
        ထိပ်တန်း ခရစ်တိုငွေကြေးတွေ ဖြစ်ကြသော Cardano (ADA), Polygon (MATIC), Solana (SOL), Litecoin (LTC), Avalanche (AVAX), နှင့် Filecoin (FIL) တို့သည်လည်း 24 နာရီအတွင်း အတက်နှုန်း +10 ကျော်စီ အတက်အသီးသီး ရှိခဲ့ကြသည်။
 
        Stablecoin အမျိုးအစားတွေထဲမှာ ထိပ်တန်းအဆင့် 2 နေရာ၌ ရှိသော US Dollar Coin (USDC) က ပြီးခဲ့တဲ့ သောကြာနေ့တုန်းက အကျဆိုးဝါးစွာ ရှိခဲ့ပြီး 1 USDC ကို 87 Cents စံချိန်တင် အနိမ့်ဆုံးအမှတ်ထိ ကျဆင်းခဲ့သည်။ ဒီကနေ့မှာတော့ 1 USDC ကို 99.3 Cents အထိ ပြန်အတက်ရှိလာသည်။ USDC ခရစ်တိုကွိုင်ကို ကျောထောက်နောက်ခံထားသည့် အမေရိကန် ဒေါ်လာ အရန်သီးသန့်ထားရှိသည့် တန်ဖိုး ဒေါ်လာ 3.3 ဘီလီယံ ဟာ Silicon Valley ဘဏ်မှာ ဆက်လက် ရှိနေဆဲဖြစ်သည်။
အမေရိကန်ဘဏ်ကြီးတွေ collapse ဖြစ်မှုဟာ လာမည့်သီတင်းပတ် တွေ အထိ Stablecoin တွေနဲ့ ခရစ်တိုငွေကြေးလုပ်ငန်းအချို့တို့အပေါ် ကွင်းဆက်လိုက်နိုင်သည့် အနေအထား၌ ရှိနေသည်။
      Coinbase, Galaxy, Gemini, နှင့် Crypto. com စသည့် ခရစ်တို အိတ်ချိန်းတွေ အပါအဝင် ခရစ်တိုလုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွှယ်မှုများသည့် Silvergate ဘဏ်ကြီးလဲ ငွေကြေးအကြပ်အတည်း ပြဿနာတွေ ရင်ဆိုင်နေရဆဲ ဖြစ်သည်။
 
13. 3. 2023
Category: